Unicode
Taehyung အိမ်သို့ရောက်ကာ ညစာစားပြီး အခန်းထဲပြန်ဝင်လာချိန် ဖုန်းနိုတီသံကြောင့် ခုံပေါ်မှဖုန်းကို အပြေးတလွှားသွားယူလိုက်သည်။
ထင်ထားသလို ပေတရာရှည်အကောင့်က မက်ဆေ့မဟုတ်ပဲ နှစ်ယောက်မရှိသော ချစ်လွန်းလို့ နားရင်းကြီးရိုက်ပစ်ချင်တဲ့ ညီမတော််ဆီက။အမယ် <ကိုကို>တဲ့။ ပိုက်ဆံချေးတော့မယ်။
<ဘာလဲ>
<ကိုကိုကလဲ ကိုယ့်ညီမလေးကို ငြင်ငြင်သာသာမေးပါ>
<ပြောစရာရှိတာပြော ဘာလဲ>
<ပြောမှာပေါ့ ကိုကိုရဲ့
တအားချော တအားခန့်ညားတဲ့ ဒီကညီမလေးရဲ့ကိုကိုရေ>စာပြန်မို့ရိုက်နေတုန်း <အစ်ကို> ဆိုတဲ့ မက်ဆေ့ကျလာတာကြောင့် စာရိုက်နေရင်းတန်းလန်း ချက်ချင်းထိုအကောင့်ထဲ ရောက်သွားရသည်။
<What's up! ကြက်တူရွေး>
<အစ်ကိုရာ ကျွန်တော် ကောင်းကောင်းမွန်မွန်လေးခေါ်နေတာကို မဖောက်စမ်းနဲ့>
<ပြော ဘာလဲ>
<ဘာလုပ်နေလဲ>
<ဘာမှမလုပ်နေဘူး>
<သိပါတယ် ကြည့်တာနဲ့ အလုပ်မရှိအကိုင်မရှိမှန်း>
<ဘာကွ! သေချင်နေလား>
<မသေချင်သေးပါဘူး အစ်ကို့ကောင်လေးလုပ်ရအုံးမယ်လေ>
<ဘယ်လိုယုံကြည်ချက်နဲ့များပြောထွက်လဲ
သွားပြီး မြောင်းပုပ်ထဲကရေနဲ့ အဲ့ပါးစပ်ဆေးပစ်စမ်း><မြောင်းရေမလိုပါဘူး အစ်ကို့နှုတ်ခမ်းပဲလိုတာ
တစ်ပုံစံတည်းပဲ>< ? >
<မြောင်းပုပ်ရေ = အစ်ကို့နှုတ်ခမ်း
အာနိသင်ညီမျှ ထို့ကြောင့် သန့်စင်ဖို့ကူညီပါ><ချီးပဲ ဟေ့ကောင်!
ဘလော့မယ်မင်းကို><ဟာ မလုပ်ပါနဲ့ စတာ စတာ ဟဲဟဲ>
<အပေါက်အလမ်းကိုတည့်မနေဘူး တွေ့ရင်မျက်ခွက်ကိုပြေးထိုးအုံးမယ်>
<နှုတ်ခမ်းနဲ့လား>
<_ီးပဲ ဘလော့ပြီ>