« 6 »

974 125 16
                                    

Unicode

*ပြော ဘာလဲ*

*ကျွန်တော့်အိမ်ဆောက်တော့မှာလေ အစ်ကိုလိုက်ခဲ့ပေးပါလား*

*ဘာကိစ္စနဲ့တုန်း ငါအင်ဂျင်နီယာမဟုတ်ဘူး*

*သိပါတယ် ဒါပေမယ့် ဘယ်လိုပြောရမလဲ*

*ဘယ်လိုမှမပြောနဲ့ မလိုက်ဘူး ဒါပဲ*

*အစ်ကို့!*

“ဟာ တကယ်ကြီးချသွားတယ်
ဘယ်လိုပါအောင်ခေါ်ရမလဲ တွေ့ချင်တာကို စဉ်းစားစမ်း"

တောင်လျှောက်မြောက်လျှောက်နဲ့ လက်သည်းကိုတတိတိကိုက်ပြီး စဉ်းစားနေမိတယ်။
အိမ်အသစ်အတွက် အလုပ်ရှုပ်နေရင် အစ်ကိုနဲ့တွေ့ရမည်မဟုတ်။ တခြားမြို့မှာဆိုတော့ ပိုဆိုးသေး။ အခုနောက်ပိုင်း အစ်ကိုနဲ့မတွေ့ရရင် မနေနိုင်တော့ဘူး။ ဘာလို့လဲဆို ဒီတိုင်း ရန်ဖြစ်ချင်တာလေ အဲ့တာပဲပေါ့။

ထပ်ပြီးဖုန်းဆက်တော့မကိုင်။
အိမ်ကလဲမသိဘူး မမေးထားရ။
ဖုန်းမကိုင်မချင်း ဆက်တိုက်ခေါ်နေပြန်တော့လဲ မကိုင်ဘူးလုံးဝကို။
အစ်ကို သိပ်ရက်စက်တာပဲ။

ဖုန်းကို စိတ်ပျက်စွာနဲ့ အိပ်ယာပေါ်ပစ်တင်လိုက်တော့ Ph ringtone သံမြည်လာလေသည်။
အမြန်ယူကာ ကြည့်လိုက်တော့ အစ်ကို။
ဝမ်းသာအားရ ဖုန်းကိုင်လိုက်တော့ အစ်ကို့အသံစူးစူးနဲ့ ရန်တွေ့သံက တရစပ်ထွက်ပေါ်လာတော့သည်။

*ချီးမို့ သေအောင်ခေါ်နေတာလား!
ချီးပါနေတာတောင် ချီးမထွက်တော့ဘူး ၊ ဘယ်ကောင်သေလို့ အဲ့လောက်တရစပ်ခေါ်နေလဲလို့ ထွက်လာပြီးဖုန်းကိုင်ရတယ် ဘာပြောမို့လဲ ဘာလဲ!*

*အစ်ကိုကလဲ စိတ်ဆိုးတဲ့အသံနဲ့မပြောပါနဲ့ ဖြည်းဖြည်းပြောတဲ့အသံနဲ့ပြောပါ*

*စောက်ပိုလုပ်မနေနဲ့ ဘာလဲ အဲ့လောက်တရစပ်ခေါ်နေတာ အရေးတကြီးနဲ့ မင်းဂျီးတော်လင်နောက်လိုက်သွားလို့လား*

*ဂျီးတော်လင်နောက်လိုက်တာ အစ်ကို့ဖုန်းခေါ်မလား
ကျွန်တော့်နောက်အစ်ကိုခိုးရာလိုက်မှ ဖုန်းဆက်ခေါ်မှာပေါ့ အရေးတကြီး*

*ချီးပဲ! အနားရှိရင် ဆွဲထိုးပြီ*

*ကျွန်တော်ကလဲ နှုတ်ခမ်းဆူပေးပြီးသားပဲ
အစ်ကို့နှုတ်ခမ်းနဲ့ ပြေးထိုးပစ်*

Yes or NoTempat cerita menjadi hidup. Temukan sekarang