« 12 »

309 50 4
                                    

Unicode

“အစ်ကို ‌ဒီနေ့ဘယ်သွားချင်လဲ"

လက်မောင်းပေါ် ခေါင်းအုံး,အုံးအိပ်နေသောအစ်ကို့အား မြတ်နိုးမဝစွာကြည့်ရင်း မေးလိုက်တော့ ပက်လက်လေးလှဲနေသူက နှာခေါင်းလေးရှုံ့ကာ ကိုယ်ကိုစောင်းလိုက်ပြီး ခါးကိုဖက်လာကာ..

“အိမ်ဆောက်ဖို့လာတာဟုတ်ရဲ့လား"

“ဟားဟား ဟုတ်တာပေါ့ဗျာ
ကျွန်တော် နေ့လည်ကျ သွားကြည့်မှာပါဗျ"

“လူလည်လုပ်နေသလိုပဲ"

“သိသာသွားလား"

“ကြက်တူရွေးလေးကတော့"

“အစ်ကိုကလဲဗျာ အဲ့နာမည်ကြီး မခေါ်ပါနဲ့ဆို
ကျွန်တော် ဒီဆံပင်နဲ့ ကြည့်ရဆိုးနေလို့လား"

“အွန်း"

ရုပ်တည်လေးနှင့် အွန်းဟု ဖြေလာသူကြောင့် Jungkook မျက်နှာမှောင်ကျသွားရသည်။

“တကယ်ကြီးလားဟင်"

“အွန်း"

“အဲ့တာဆို အရောင်ချိန်းလိုက်ရမလားဟင်"

ဆက်စနေရင် ငိုတော့မည့်ပုံပေါက်နေတာကြောင့် Taehyung တဟားဟား အော်ရီပစ်လိုက်ပြီးနောက် သူ့ဆံပင်ရှည်တွေအား လက်ဖြင့်ဖွဖွပွတ်သပ်ပေးလိုက်ကာ..

“ကိုယ့်ကောင်လေးက ဒီကမ္ဘာပေါ်မှာ အချောဆုံးပဲ
ဒီဆံပင်အရောင်နဲ့ တခြားသူသာဆို ကြည့်ရဆိုးနေမှာ သေချာပေါက်ပဲဆိုပေမယ့် ကိုယ့်ကောင်လေးနဲ့ကျ အရမ်း အရမ်းကိုလိုက်
ကြက်တူရွေးလို့ခေါ်တာက မကောင်းတဲ့အတွေးနဲ့ခေါ်တာ မဟုတ်ပါဘူးကွာ ဒီတိုင်း ချစ်စရာကောင်းတယ်လေ"

“အစ်ကို့ ကျွန်တော်တအားချစ်လာပြီဗျာ"

ရင်ခွင်ထဲကအစ်ကို့အား ပက်လက်အနေအထားဖြစ်စေပြီး အပေါ်ကနေအုပ်မိုးပစ်လိုက်ကာ စကားချိုချိုလေးတွေပြောတဲ့ နှုတ်ခမ်းလေးအား သိမ်းပိုက်ပစ်လိုက်သည်။
အစ်ကို့လက်သွယ်သွယ်လေးတွေက ကျွန်တော့်လည်တိုင်အား သွယ်ယှက်လာပြီး အနမ်းတို့ကို ပိုမိုအသက်ဝင်စေသည်။

နာရီဝက်ထက် ကျော်လွန်လာတဲ့အခါ အသက်ရှူမဝတော့တဲ့အစ်ကိုက နောက်စေ့ကဆံပင်အား ဆုပ်ကိုင်ကာ ဆောင့်ဆွဲလာလေသည်။

Yes or NoWhere stories live. Discover now