« 2 »

1K 168 5
                                    

Unicode

“Hi အလှလေး"

“ကျက်သရေတုန်းပြီ"

“ဟေ့‌‌ ဟေ့!
ဘယ်ကိုပြန်ထွက်သွားမို့လဲ"

ဆိုင်ထဲကပြန်ထွက်ရန် ခြေလှမ်းပြင်နေသောသူအနားသို့ အမြန်ပြေးသွားကာ အရှေ့မှပိတ်ရပ်လိုက်သည်။

“ဖယ်စမ်း"

“သူများဆိုင်ထဲဝင်လာပြီးရင် ဝယ်ရမယ်လေ
ယဉ်ကျေးမှုရှိမှပေါ့"

“မင်းဆိုင်မို့လို့မဝယ်တာ"

“နားကောင်းပါတယ်နော်!"

“ဘာလဲ!"

ရှေ့ကနေပြီး အတင်းအော်ပြောလာတာကြောင့် နောက်တောင်ဆုတ်လိုက်ရသည်။ ဒီကောင် ဘယ်လိုဖြစ်နေတာလဲ။
ဟူး ကြက်တူရွေးအမွှေးနှုတ် ရေလုံပြုတ်လုပ်ပစ်ချင်လာပြီ။

“သူများဆိုင်လို့ပြောလိုက်တယ်လေ
သူများဆိုင်ပါဆို ငါ့ဆိုင်ဖြစ်မလားလို့"

“စကားကိုကပ်ပြောမနေနဲ့
ဘယ်သူ့ဆိုင်ဖြစ်ဖြစ် မင်းရှိနေလို့မဝယ်တာကွာ"

“မကပ်ပါဘူး ဒီလောက်ခြေသုံးလှမ်းစာလောက်ကွာနေတာကို"

“အာရုံလာနောက်မနေနဲ့ နဂိုထဲကမှစိတ်ကြည်နေတာမဟုတ်ဘူး မင်းခေါင်းမွှေးတွေအကုန်မပြောင်ချင်ရင် ဖယ်လိုက်တော့"

“နေပါအုံး
ခေါင်းကြည်အောင် သံပုရာရည်ဖြစ်ဖြစ်သောက်သွားပါလား"

“မသောက်ချင်ဘူး ဖယ်!"

အပေါက်ကိုပိတ်ပြီးရပ်နေတာကြောင့် ဘယ်လိုမှသွားမရ။
အားး ငါ့သည်းခံနိုင်စွမ်းကိုလာစမ်းနေတာပဲ ဒီကြက်တူရွေးကောင်!

“အလကားတိုက်ပါမယ် ထိုင်ပါအုံး"

“နားကောင်းတယ်မလား ဖယ်"

“စိတ်ကလဲကြီးလိုက်တာ အဲ့အတိုင်းပဲ"

“ဘာ!!"

နှုတ်ခမ်းကိုမဲ့ကာရွဲ့ကာဖြင့် အောက်ကိုမျက်စပစ်ပြောလာသောကောင်ရဲ့ ခြေထောက်ကိုအားပါပါနှင့် တက်နင်းပစ်လိုက်သည်။
အားကနဲအော်ပြီး ခြေထောက်ကိုကုန်းကိုင်လိုက်ချိန် စောင့်တွန်းပစ်ပြီး ဆိုင်ထဲမှထွက်လာလိုက်သည်။
ဆိုင်ထဲမှာ တစောင်းကြီးပစ်လဲနေသောကောင်အား တစ်ချက်လှည့်ကြည့်ပြီး အားရပါးရအော်ရီပစ်လိုက်သည်။
လူကို မကျေမနပ်လှမ်းကြည့်နေသေး။

Yes or NoWhere stories live. Discover now