Arc 4.8

802 49 5
                                    

Unicode

J Ent ရဲ့  CEO ရုံးခန်းတွင် ကြောက်မက်ဖွယ် အငွေ့အသက်တွေနှင့် ပြည့်နှက်နေလေသည်။ ထိုရုံးခန်းထဲတွင်တော့ James ရှိနေပြီး သူသည်စာရွက်စာတမ်းအချို့ကိုဖတ်နေကာ မျက်နှာဖက်တွင်လဲ အလိုမကျမှုတို့က နေရာယူထားသေးသည်။ သူ့ရှေ့တွင်ရပ်နေတဲ့ Rain ကတော့ Jamrs ရဲ့အမှုအရာကိုသတိမထားမိသည်တိုင်အောင် အတွေးနယ်လွန်နေသည်။

Luther ကဇာတ်ကားရိုက်နေရတာကြောင့် သူ(မ) Boss ဟာလဲ ရိုက်ကွင်းမှာပဲအချိန်ကုန်နေသည်။ Boss ကို Luther အနားမှာမနေစေချင်တာကြောင့် အရေးကြီးအလုပ်ကိစ္စရှိပါတယ်ဆိုပြီး Boss အားအလုပ်ကိုလိမ်ခေါ်ရတာလဲမလွယ်ကူလှပေ။ Boss  Luther အနား တစ်နာရီလောက်မရှိလေ သူ(မ)ပျော်လေဖြစ်သည်။ Luther နဲ့ Boss ကမိဘတွေသဘာတူထားလို့သာ လက်ထက်ရတာကြောင့် Luther အပေါ် Boss ကခံစားချက်မရှိဟု တထစ်ချယုံကြည်နေမိသည်။ ဒါကလဲသူမအတွက်အခွင့်အရေးတစ်ခုပင်။ ဟိုအခြောက်ကောင်ကိုပစ်ပြီး သူ(မ)ကိုချစ်လာအောင် လုပ်ရမည်။ ယနေ့အချိန်ထိ သူ(မ)ရဲ့အလှကိုလွန်ဆန်နိုင်တဲ့သူ မရှိသေးပေ။

" Rain ဒါကဘာလဲ မင်းကိုအခွင့်အရေးနှစ်ခါပေးပြီးသားနော် "

ရုတ်တရက် Boss အော်သံကြောင့် သူမလန့်သွားသည်။ ထို့နောက် Boss လက်ထဲကစာရွက်တွေမြင်မှ သူ(မ)အကြောင်းရင်းကို သိသွားရတော့သည်။ Boss တို့လုပ်ငန်းရဲ့ project တစ်ခုကို သူ(မ)ဖျက်ဆီးလိုက်မိပြီ။ ဒါက မတော်တဆမဟုတ်ပါပဲ သူ(မ)ကိုယ်တိုင် ဖျက်ဆီးထားတာဖြစ်သည်။  J Ent ရဲ့ပြိုင်ဘက် Ent ကခိုင်းတဲ့အတိုင်း project ကိုဖျက်ဆီးခဲ့ပြီး အလုပ်အောင်မြင်ကြောင်း ပိုက်ဆံလဲလက်ခဲခဲ့ပြီးဖြစ်သည်။ ဒီ project လေးတစ်ခုလောက်နဲ့ Boss ကသူမကို ဒေါသမထွက်နိုင်ဘူးဟု သိထားသည်။ ဘာလို့ဆို သူ(မ)ဟာ Luther ရဲ့သူငယ်ချင်းလဲဖြစ် ကျေးဇူးရှင်လဲ ဖြစ်တာကြောင့်ပင်။ အခုတော့ သူ(မ)ရဲ့အတွေးတွေက လွဲမှားနေကြောင်း သိလိုက်ရပြီ။

" ဟိုလေ Boss  Rain ကိုအတင်းအကြပ်ခိုင်းစေလို့ပါ Rain တောင်းပန်ပါတယ် နောက်တစ်ခါမဖြစ်စေရပါဘူး  အခု project ကိုလဲ Rain လစာဖြတ်ခံပြီး ပြန်လုပ်ပေးပါမယ်"

" ဘာ လစာဖြတ်ခံပြီး ပြန်လုပ်မယ် မင်းရဲ့ဘာ အရည်အချင်နဲ့ ဒီလောက်သိန်းတန်တဲ့ project ကို ဘယ်လိုပြန်လုပ်မှာလဲ  အမှားပါသွားရင်ရော မင်းကတာဝန်ယူမှာတဲ့လား ဟမ် "

ဗီလိန်အားကယ်တင်ခြင်း  ( System  ) (Complete) Where stories live. Discover now