အပိုင်း(၅)

711 39 0
                                    

သီဟ အိမ်ခန်းကိုပြန်ရောက်တော့ ခုံမှာခြေပစ်လက်ပစ်ထိုင်လိုက်ပြီး သက်ပြင်းရှည်ကြီးချလိုက်မိတယ်။ သွားတုန်းက ရည်ရွယ်ချက်ကတစ်မျိုး၊ အခုဖြစ်လာတာက တစ်မျိုးဖြစ်နေပြီ။

သီဟတွေးထားတာက အန်တီသီပြောသလို ဘုန်းကြီးပင့်တာဖြစ်ဖြစ်၊ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မြန်မြန် ပြဿနာအေးသွားမယ့် နည်းကိုပဲလိုချင်ခဲ့တာ။ ခုတော့ ဟိုနဒီဆိုတဲ့ကြောင်ပိုင်ရှင်မလေးရယ်၊ အိပ်မက်ထဲမြင်လိုက်ရတဲ့ ဖိုးချစ်ဆိုတဲ့ကြောင်ကို ခဏလေး ဂရုဏာသက်လိုက်မိတာနဲ့၊ အိမ်ပြောင်းနေဖို့၊ အကြားမြင်ဆရာမဆီသွားဖို့၊ အချိန်ခဏစောင့်ပေးဖို့ဆိုတာတွေ ဖြစ်ကုန်တော့တာပဲ။

ဟင်းးးးးးး

သီဟ သက်ပြင်းထပ်ချမိစဉ် လေမတိုက်ပဲ ခန်းစီးလိုက်ကာ လှုပ်သွားသဖြင့်

"ဟေ့ကောင်၊ ဖိုးချစ် မင်းလုပ်နေတာဆိုရင် ငြိမ်လိုက်တော့နော်၊ ဒီမှာ ငါသိပ်စိတ်ကြည်တာမဟုတ်ဖူး။ အေး မင်းနဲ့မင်းသခင်ကို ငဲ့ပြီး သည်းခံနေတာကို ရောင့်တက်မယ် မကြံနဲ့၊ အေးဆေးနေကြားလား။ မွှေချင် မင်းအိမ်ရောက်မှမွှေကွာ၊ မပြောင်းခင်ရက်ပိုင်းတော့ ငါအေးဆေးနေပါရစေ"

သီဟ စိတ်ပေါက်ပေါက်နဲ့ မမြင်ရတဲ့ ညောင်ကို ဟောက်လိုက်တာ၊ သူကပဲနားလည်လို့လား။ တိုက်ဆိုင်သွားတာလားတော့ မပြောတတ်၊ တကယ်ကြီးကို ငြိမ်ကြသွားတော့သည်။ ထိုညကနေ မပြောင်းခင်အချိန်ထိ တကယ့်ကို ဘာအသံဗလံမှ မကြားရတော့ပဲ သီဟမှာ နားအေးပါးအေး အိပ်ခွင့်ရသွားခဲ့သည်။

သီဟ ဒီနေ့ အိမ်ပြောင်းမှာမို့ အထုပ်တွေသိမ်းပြီး ဧည့်ခန်းထဲရွှေ့ထားကာ စစ်‌ကြည့်လိုက်သည်။ သိမ်းဆည်းစရာလည်း သိပ်မရှိပါဘူး။ အဝတ်အိတ် လက်ကေ့အကြီးတစ်ခု၊ စာအုပ်တွေက တစ်အိတ်၊ တခြား လျှပ်စစ်ပစ္စည်းက ပေါင်းအိုးသေးတစ်လုံး ၊ ဒယ်နီတစ်လုံး၊ သုံးမိနစ်ရေနွေးခရားအိုးတစ်လုံးရယ်ပဲ သယ်စရာ ရှိသည်။ Laptop အိတ်ကကားပေါ်မှာ မနေ့ထဲက တင်ထားပြီးသား။
ပစ္စည်းတွေသိမ်းဆည်း ထုတ်ပိုးနေရင်းက သီဟ အတွေးပေါက်မိတာက

ခုရက်ပိုင်း ဟိုကြောင်က ငြိမ်နေတယ်၊ ဧကန်ဏ သူ့အိမ်သူ ပြန်ရောက်သွားပြီလား မသိဘူး။ အဲ့လိုသာဆို ငါက အိမ်မပြောင်းလဲဖြစ်တယ်မဟုတ်လား??? မပြောင်းတော့ဘူးလို့ ဖုန်းဆက်ပြောလိုက်ရင်ကောင်းမလားးး?

ကြောင်ပူးတဲ့ ဖူးစာWhere stories live. Discover now