အပိုင်း(၁၃)

633 33 0
                                    

မနက်မိုးလင်းတော့ အဖွားနိုးလာချိန် တစ်အိမ်လုံးတိတ်ဆိတ်ကာ သမီးနဲ့မြေးကိုမတွေ့တာကြောင့် တစ်ခန်းဝင်တစ်ခန်းထွက်ရှာရင်းက ဒေါ်သီ့အခန်းရောက်လာတော့ မြင်လိုက်ရတဲ့မြင်ကွင်းက

ခုတင်ပေါ်ဆေးချိတ်ပြီးလှဲနေတဲ့သမီးရယ်၊ ခုံမှာ တစ်ယောက်ကိုတစ်ယောက်မှီပြီး အိပ်ပျော်နေတဲ့မြေးနဲ့ ဟိုဒေါက်တာလေးရယ်

အမေပီပီ ကိုယ့်သမီးကိုစိတ်ပူတာမို့ အရင်ဆုံးကုတင်နားသွားလိုက်တော့ သီသီကနိုးနေတာတွေ့ရတော့မှ

"သမီးကြီး ဘာဖြစ်တာလဲ၊ ဆေးအိတ်ကြီးလဲချိတ်လို့၊ ဟိုသူငယ်လေးလဲရောက်နေပါလား။"

"ဟုတ်တယ် အမေရေ့၊ ညက သမီးလဲခေါင်းတွေထိုးကိုက်ပြီး သတိလစ်သွားတာရယ်၊ သတိရတော့ ဆေးချိတ်ထားတာတွေ့တာပဲ။ ဒီဒီက ဒေါက်တာ့ကိုခေါ်လိုက်တာထင်တယ်"

သူတို့စကားပြောနေတုန်းမှာပဲ သီဟနိုးလာကာ ဒေါ်သီ့ကို သွေးပေါင်ထပ်တိုင်းပြန်သည်။

"အင်း၊ ခုတော့ ပရက်ရှာက normal နီးနီးပြန်ဖြစ်သွားပါပြီ။ အန်တီ့မှာ သွေးတိုးရှိလား"

"ရှိလား၊ မရှိလား၊ မစစ်ကြည့်ဘူးတော့မသိပါဘူးဒေါက်တာရယ်၊ မနေ့ကတော့ အိမ်မှာ ဝက်သားချက်တာ စားကောင်းကောင်းနဲ့ များများစားလိုက်မိတယ်"

"ဒါဆိုရင်တော့၊ အန်တီ့မှာသွေးတိုးရှိနေပြီထင်တယ်၊ သေချာအောင် ဆေးရုံမှာ သေချာစစ်ဆေးပြီး စွဲသောက်ရမယ့်ဆေးကို ဆရာဝန်တွေနဲ့ တိုင်ပင်တာ ကောင်းလိမ့်မယ် အန်တီ"

"ကလေးရယ်၊ သူ့ပြောမနေနဲ့၊ ကလေးကောင်းမယ်ထင်သလိုသာ စီစဉ်ပေးပါကွယ်၊ ဖွားတို့က ဆေးရုံဆေးခန်းနဲ့ မရင်းနှီးတော့ ဘာလုပ်ရမယ်မသိဘူးကွဲ့"

"ဟုတ်ကဲ့ အဲ့တာဆို ကျွန်တော် ဆေးရုံမှာပြဖို့ရက်ချိန်းယူလိုက်ပြီး နဒီနဲ့ လာရမယ့်ရက်ပြောလိုက်ပါ့မယ်။ သောက်စရာဆေးကတော့ ဒီနေ့နဲ့ မနက်ဖြန်အတွက် ပေးခဲ့မယ်နော် အန်တီ။အဲ့ဒါဆို ခုတော့ ကျွန်တော်သွားလိုက်ပါအုန်းမယ် ခင်ဗျ။"

သီဟပြန်သွားချိန်အထိ နဒီ့မှာ အိပ်လို့ကောင်းတုန်း...

သီဟတစ်နေကုန် လူကသာဆေးရုံမှာ စိတ်က နဒီ့ဆီသာရောက်နေသဖြင့် နာရီတကြည့်ကြည့် ဖင်တကြွကြွဖြစ်နေတာမို့ မနော်ထူးက

ကြောင်ပူးတဲ့ ဖူးစာOnde histórias criam vida. Descubra agora