အပိုင်း(၆)

696 42 0
                                    

ဒီဒီ အိမ်ကလေးရဲ့ အမိုးအောက်ရောက်သည်နဲ့တပြိုင်နက် လူတစ်ကိုယ်လုံးအေးစိမ့်သလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးလည်း ကြက်သီးဖုလေးများထကာ မွှေးညှင်းလေးများထောင်လာတာကိုခံစားလိုက်ရသည်။

လူပဲ မကြောက်ပဲရှိမလား၊ ဒီဒီလည်း သရဲကြောက်တာပေါ့လို့။ လူက တံခါးဝမှာ ရပ်နေရင်းက ကြောက်စိတ်ကြောင့် ဒူးကတုန်ရီလာသော်လည်း မျက်လုံးထဲ ချစ်လေးကိုမြင်ယောင်မိတော့...

ချစ်တဲ့စိတ်က ကြောက်စိတ်ကို အနိုင်ယူသွားကာ ဒီဒီ အားတင်းပြီး အိမ်တံခါးကို ခေါက်လိုက်၏။

"ဖွင့်ထားတယ် နဒီ၊ ဝင်ခဲ့လိုက် ခွမ်းးး"

သီဟအသံနှင့် အတူ ကြားလိုက်ရသည့်ကျကွဲသံကြောင့် ဒီဒီ တံခါးအမြန်ဖွင့်ပြီး အထဲဝင်လိုက်တော့

ဘုရား ဘုရား မနက်ကတောင် ဒီဒီရှင်းလင်းထားလို့ သန့်ရှင်းသပ်ရပ်နေခဲ့တဲ့ အခန်းလေးဟာ၊ အခုတော့ တိုင်ဖုန်းမုန်တိုင်းပဲဝင်သွားခဲ့တာလား? လေဆင်နှာမောင်းပဲ မွှေသွားခဲ့သလား? ထင်ရလောက်အောင် ပစ္စည်းတွေဟာ ပြန့်ကျဲ ရှုပ်ပွလျှက် အလှပန်းအိုးလေးဟာလည်း ကြမ်းပေါ်မှာ ကျကွဲကာ ဖန်ကွဲစတွေက နေရာအနှံ့အပြားမှာ လွင့်လို့....

အခန်း၏ဖြစ်ပျက်နေပုံများကို ကြည့်ကာ မှင်သက် ဆွံ့အနေသော ဒီဒီ့ကို ဘယ့်နှယ့်ရှိစဆိုသော အကြည့်မျိုးနှင့် ကြည့်နေတဲ့ သီဟကိုပင် ဒီဒီရန်မတွေ့အားပဲ အခန်းကိုသာ  ပါးစပ်အဟောင်းသားနှင့် ကြည့်နေစဉ်....

နံရံကပ်စင်လေးပေါ်မှာ တစ်ခုတည်းသာကျန်နေသည့် ပန်းပုရုပ်ကလေးမှာ တစ်ရွေ့ရွေ့နဲ့ စင်အစွန်းကို တစ်ကောင်ကောင်က တွန်းနေသကဲ့သို့ သူ့ဟာသူရွေ့လာနေတော့သည်။

မြင်လိုက်ရသည့် မြင်ကွင်းကြောင့်အစောပိုင်းက ခံစားနေရတဲ့ ကြောက်စိတ်တွေ၊ ချစ်တဲ့စိတ်တွေအစား ဒေါသတွေက ကြီးစိုးလာကာ ဒီဒီး လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ပြီး မျက်လုံးကို စုံမှိတ်လို့ အားကုန်အော်လိုက်တော့သည်။

"ဖိုးးးးချစ်"

ညဉ့်နက်လူ‌ခြေတိတ်ချိန်မို့ အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်နေခိုက် အားကုန်အော်လိုက်သည့်အသံမှာ ဟိန်းကနဲထွက်လာတာကြောင့် မြောင်မပြောနှင့် သီဟပါ တုန်သွားရသည်။

ကြောင်ပူးတဲ့ ဖူးစာDonde viven las historias. Descúbrelo ahora