အပိုင်း(၁၁)

650 37 0
                                    

သီဟ သီချင်းလေးတညီးညီးနဲ့ မျက်နှာက ခဏခဏပြုံးနေတော့ ဆေးရုံက လူတွေပါ သတိထားမိပြီး

"အယ် ဒီနေ့ ဆရာသီဟ ကြည့်ရတာ ပျော်နေတယ်တော့၊ တစ်ခုခုတော့ တစ်ခုခုပဲ"

"ဟုတ်တယ်ဗျို့၊ ဆရာပြောင်းလာပြီးတည်းက ခုချိန်ထိ ဒီလိုမျိုး ပြုံးနေတဲ့မျက်နှာ မြင်ရတာ ဒါပထမဆုံးပဲဗျို့၊ ဧကန်ဏတော့ လူပျိုကြီး ထူးခြားနေပြီထင်တယ်"

အားလုံးက တစ်ယောက်တစ်ပေါက်နဲ့ ဝိုင်းစနေသဖြင့် သီဟ နေရခက်ကာ ရှက်ရယ်ရယ်လိုက်ရင်း

"မဟုတ်ပါဘူးဗျာ၊ ဒီလိုပဲ စိတ်ကြည်လို့ သီချင်းလေးညီးမိပါတယ်၊ လူကို ဝိုင်းအထင်ကြီးနေတော့တာပါပဲလား။ ကျွန်တော်က အဲ့လောက်မစွမ်းပါဘူးဗျ။"

"အို့ ဆရာလေးသာ ကြိုက်တဲ့သူတွေ့ထားရင်ပြော ကျွန်မတို့မြို့သူဆိုလို့ကတော့ လိုက်ပြောပေးမယ်ဆရာရေ့။ ကျွန်မတို့မြို့လေးကိုတာဝန်ကျတဲ့ ဆရာဝန်တွေက ၂နှစ်ပြည့်တာနဲ့ ကိုယ့်မြို့ကိုပြန်ကြတာများ တန်းနေရောပဲ၊ တစ်ယောက်လောက် ဒီကမြို့သူနဲ့ညားပြီး ဒီမြို့သားအပြီးဖြစ်သွားလဲ မဆိုးဘူးလေ၊ မဟုတ်ဖူးလား မနော်"

ဆေးရုံရဲ့ ဝါအရင့်ဆုံး၊ စစ်စတာကြီးက အရွှန်းဖောက်လိုက်၍ အကုန်လုံးပွဲကျနေချိန်၊ ဒေါက်တာသီဟမှာတော့ ဒီမြို့သူ ကြောင်ပိုင်ရှင်မလေးရဲ့ မျက်နှာလှလှလေးကို ပြေးမြင်ယောင်ရင်း ထပ်ပြုံးမိပြန်တယ်။

ကိုယ့်ကိုပဲ ဝိုင်းစနေတာကြောင့် သီဟ စကားလမ်းကြောင်းလွဲသွားစေရန်

"ကဲကဲ မနော်တို့ စစ်စတာကြီးတို့ အားနေတယ်ထင်တယ်၊ ဒီနေ့ လူနာတွေကြည့်စရာ မရှိဘူးလားဟုတ်လား"

အားလုံးမှာ သီဟစကားကြောင့် မျက်လုံးပြူးမျက်ဆန်ပြူးတွေဖြစ်ကုန်ကာ ဝိုင်းအော်ကြတော့သည်။

"ဆရာ" "ကိုသီဟ" "ဘယ်လို‌တွေ ပြောလိုက်တာလဲဆရာရယ်၊ ဖွဟဲ့ ဖီ ဖီ"

ယုံသော်ရှိ မယုံသော်ရှိ ဆေးရုံဆေးခန်း၊ အချုပ်ခန်းများတွင် စားပွဲခုံခေါက်ခြင်း၊ ကုတင်တွေလူရှင်းသည်၊ အချုပ်ခန်းအားသည်၊ ဟူသောစကားမျိုး မပြောတတ်ကြပေ။ အကြောင်းကထိုသို့ပြောမိလျှင် လူနာတွေ ကုတင်ပြည့်ရောက်လာတတ်သလို၊ အမှုတွေလည်းတိုးလာတတ်သည်ဟု အယူရှိသောကြောင့်ပင်။

ကြောင်ပူးတဲ့ ဖူးစာDonde viven las historias. Descúbrelo ahora