အပိုင်း(၁၀)

706 46 0
                                    

နဒီတစ်ယောက် ရှုပ်ပွနေသောအခန်းကိုရှင်းနေရင်းက ပါးစပ်ကလည်း တ‌ပစ်တောက်တောက်ပြောနေမိသည်။

"ဖိုးချစ် ဖိုးချစ် နင်မြင်လား၊ မားမားအခုဘာလုပ်နေလဲမြင်လား။ မင်းဖွထားတာတွေရှင်းနေရတယ်လေ။ ငါ့မှာတော့ ငါ့သားလေး ဘဝကူးကောင်းပါစေဆိုပြီး လူတကာကို တောင်းတောင်းပန်ပန်နဲ့ မနှင်ထုတ်ကြဖို့ပြောလိုက်ရတာ၊ နင်ကတော့ ဒီလိုမျိုးကျေးဇူးဆပ်တယ်ပေါ့ ဟုတ်လား"

အခုဆို အရင်လို ဒေါက်တာ့ကိုလည်း ဝင်ပူးလို့မရတော့၊ ဒီဒီမှာ ဖိုးချစ်ကို လွမ်းရင် အခုလိုပဲ သူဖွထားတာတွေရှင်းရင်းက တစ်ယောက်ထဲစကားပြောတာသာ လုပ်လို့ရတော့သည်။ ညညသောင်းကျန်းတာ တော်တော့်ကိုငြိမ်သွားပြီဆိုပေမယ့်လည်း မေ့လောက်ပြီဆိုမှ ထထ သောင်းကျန်းသဖြင့် နဒီမှာ သူမကျွတ်သေးဘူးဆိုတဲ့ အသိကြောင့် ဝမ်းသာဝမ်းနည်းဖြစ်ရသည်။ ကလေးလေး ကိုယ့်အနီးနားရှိနေတာ ဝမ်းသာပေမယ့် ဒီလိုဘဝနဲ့ရှိနေတာကိုတော့ မဖြစ်စေချင်ပါ။

နဒီအခန်းရှင်းနေရင်းက နာရီကိုကြည့်လိုက်တော့ ဟိုတစ်ယောက်ပြန်ရောက်မယ့် အချိန်နီးနေပြီမို့ မြန်မြန်လက်စသတ်ကာ ပြန်ဖို့ပြင်လိုက်သည်။

အဲ့လူနဲ့ မျက်နှာချင်းကို မဆိုင်ချင်ဘူး။ အလကားနေ အလကား ဘဝင်လေဟပ်နေတဲ့သူ။ သူ့ကိုယ်သူ ဆရာဝန်ဆိုတာနဲ့ပဲ တခြားသူတွေကို မတူမတန်သလို ဆက်ဆံချင်တဲ့သူ။ မနေ့ကလည်း ခြံထဲမှာ နဒီ တံချူနဲ့ သရက်သီးခူးနေတာကို မြင်ရက်သားနဲ့ နဒီရေ အကူညီလိုလား ဘာလားမပြောတဲ့အပြင် သေချာကိုင်ပြီးခူးနော် ၊ လွတ်ကျလို့ သူများတွေ‌ ထိမိသွားရင် မကောင်းဘူးဆိုပြီး ဆရာကြီး ဝင်လုပ်ပြီး သူ့ခေါင်းထိမှစိုးလို့ သူ့အိမ်လေးထဲတောင်ပြန်ဝင်သွားသေးတယ်၊ အလကား မုန်းစရာလူကြီး။

နဒီ အခန်းတံခါး အဖွင့် သီဟကလည်း ဝင်ဖို့အပြင်မို့ နှစ်ယောက်သား မျက်နှာချင်းဆိုင် တည့်တည့်တိုးခိုက် နဒီ့ ဂုတ်ပေါ်သို့ ကြောင်တစ်ကောင် ခုန်အုပ်လိုက်သလိုခံစားလိုက်ရကာ လူက ရှေ့သို့ ငိုက်သွားပြီး အရှိန်မထိန်းနိုင်ဘဲ သီဟကိုယ်ပေါ်သို့ ပစ်လဲကျသွားခိုက် နှုတ်ခမ်းပါးနှစ်ခုမှာ ချိန်ထားသည့်အလား တည့်တည့်ကျလျှက် ထိခတ်သွားတော့သည်။

ကြောင်ပူးတဲ့ ဖူးစာOpowieści tętniące życiem. Odkryj je teraz