အပိုငး(၂၀)(ဇာတ်သိမ်း)

1.2K 54 5
                                    

ဒီဒီဖက်က မီးစိမ်းပြတာနှင့် ဒီတစ်ခေါက်တော့ သီဟ အချိန်မဆွဲဘဲ မင်္ဂလာပွဲကို အမြန်စီစဉ်လိုက်သည်။ ဒီတစ်ခေါက်ပါ တစ်ခုခုထပ်ဖြစ်ပြီး လွဲရရင် သူခံနိုင်ရည် ရှိတော့မည် မထင်။

သီဟ မိဘတွေက သီဟ အစ်မမိသားစုနဲ့ အတူနေကြတာမို့၊ သီဟကတော့ အလိမ္မာ အိမ်ပါသားမက်အနေနဲ့ နဒီတို့အိမ်မှာသာ လိုက်နေလိုက်သည်။

ဒီနေ့က သူတို့ရဲ့ မင်္ဂလာဦးညလေး။
သူတို့ရဲ့ အခန်းက ဒီဒီ့အပျိုခန်းကိုပဲ မင်္ဂလာခန်းပြင်ထားတာဖြစ်သည်။

သီဟ စိတ်လှုပ်ရှားခြင်းများစွာနဲ့ သူ့ရဲ့သတို့သမီးလေးကို ဖက်ကာ နမ်းဖို့ပြင်လိုက်တော့ နဒီက ကိုယ်လေးကို ရို့ကာ ရှောင်လိုက်ပြီး

"ဟိုးထား ဆရာ၊ ကြိုပြောမယ်နော်၊ အိမ်မှာ မေမေတို့၊ ဖွားဖွားတို့ရှိတယ်၊ တိုးတိုးသက်သာလုပ်၊ တော်ကြာ လူကြီးတွေကြားရင် ရှက်စရာကြီး"

နဒီ့စကားကြောင့် သီဟ မျက်ခုံးများက တွန့်ကွေးသွားရရင်း

"ဟားး မင်္ဂလာဦးပါဆိုမှ လွတ်လွတ်လပ်လပ် ကြင်ကြင်နာနာနေချင်တာပေါ့၊ အဲ့ဒါကြောင့် ဒီဒီ့ကိုပြောတယ် ဒီရက်ပိုင်းတော့ ဟိုတယ်သွားနေပါမယ်လို့"

"အို အဲ့လိုကြီး မနေချင်ပါဘူး။ ကိုယ့်အိမ်ရှိတဲ့ဟာကို ဘာလို့ ‌ဟိုတယ်သွားရမှာလဲ"

"ဟာကွာ ဒီလိုလဲ မဟုတ်၊ ဟိုလိုလဲ မဟုတ်နဲ့ နဒီက မမိုက်ဖူးကွာ"

ကလေးဆိုးကြီးလို သူလိုချင်တာ မရ၍ စိတ်လုပ်နေသော လူကြီးကို နဒီထပ်မစတော့ဘဲ လက်ကိုဆွဲကာ အခန်းထဲက ခေါ်ထုတ်လာလိုက်ပြီး လေသံတိုးတိုးဖြင့်

"ရှူး တိုးတိုး၊ မေမေတို့ နိုးသွားမယ်"

သီဟ နဒီခေါ်ရာနောက် လိုက်လာလိုက်တော့ အရင်သူနေခဲ့သည့် အိမ်လေးသို့ နှစ်ယောက်သား ရောက်လာရသည်။
အိမ်တံခါးဖွင့်ဝင် လိုက်တာနှင့် သီဟ အံ့ဩသွားရသည်။

သူ့စိတ်ထဲ ထင်တာက သူပြောင်းသွားတာလဲ နှစ်နဲ့ချီနေပြီမို့ ဒီအိမ်လေးက ဖုန်တက်နေမယ်ထင်ထားတာ၊ ခုတော့ အရာအားလုံးက သူနေတုန်းကအတိုင်း မပြောင်းလဲတဲ့အပြင် သန့်ရှင်းသပ်ရပ်နေသဖြင့်

ကြောင်ပူးတဲ့ ဖူးစာDonde viven las historias. Descúbrelo ahora