အပိုင်း(၁၉)

682 31 0
                                    

ပြဿနာဖြစ်ပြီး နောက်ရက်မှာပဲ ကိုဟာ နဒီတို့ အိမ်လေးကနေ ပြန်ပြောင်းသွားခဲ့ပါတယ်။ နဒီတို့မြို့မှာ တာဝန်က (၂)နှစ်ကျတာမို့ မြို့ရဲ့ တစ်နေရာရာမှာ ကိုရှိနေသေးတယ်ဆိုတာကလွဲလို့ ဒီထက်ပိုသိအောင် ဒီဒီ မကြိုးစားမိဘူး။

သိချင်ရင် ဖုန်းတစ်ချက်ဆက်လိုက်တာနဲ့ သိနိုင်ပေမယ့် ဒီဒီ့စိတ်ထဲ ကို့ကို ခေါ်လိုက်ရင် ဖိုးချစ်အပေါ်မတရားသလို ခံစားနေရမှာမို့ အလွမ်းဒဏ်ကိုသာ ခါးစည်းပြီး ကျိတ်မှိတ်ခံလိုက်တော့တယ်။

မေမေနဲ့ ဒီဒီလည်း ခုထိ စကားကောင်းကောင်း မပြောဖြစ်ကြ။ တစ်ခုခုဆို ဖွားကတစ်ဆင့်ပြောလွန်းလို့ ဒီဒီတို့သားအမိကို ဖွားလည်း စိတ်ကုန်နေပြီ။

"မြေးရေ ထမင်းစားမယ်"

အဖွားခေါ်သံကြောင့် နဒီအောက်ဆင်းလာချိန် အမေ့နဲ့အဘွားပြောနေတဲ့စကားမှာ ကို့အကြောင်းတစ်စွန်းတစ်စကိုကြားလိုက်ရတာမို့ လှေကားအကွယ်‌ကနေ ရပ်ပြီး ဆက်နားထောင်နေမိသည်။

ကိုက သူ့စကားအတိုင်း ဒီဒီ့ရှေ့မပေါ်လာပေမယ့် အမေနဲ့က၊ အမေဆေးခန်းသွားပြချိန်တိုင်း အရင်လိုလိုက်ပြပေး၊ကူလုပ်ပေးတုန်းမို့ အဆက်အသွယ်က ရှိနေဆဲ။

"သားက နောက်လဆို တာဝန်ကျတာသက်တမ်းပြည့်ပြီတဲ့ အမေရဲ့"

"ဟဲ့ အဲ့တာဆို အရင်ကလူတွေလိုပဲ သူ့မြို့သူပြန်မှာပေါ့ ဟုတ်လား"

"အင်းပေါ့ ပြန်မှာပေါ့၊ ဒီမြို့တာဝန်ကျတည်းက ဘာများကောင်းတာဖြစ်လို့လဲ။ ကြောင်သရဲနှောင့်ယှက်တာခံရ၊ အမေ့မြေးအူကြောင်ကျားပြောဆိုတာခံရနဲ့။ အို အဲ့ကလေး ပြန်တာပဲကောင်းတယ်။ ဒါမှ သူ့ဟာသူ တခြားအရပ်မှာ ကောင်းတဲ့ မိန်းကလေးနဲ့တွေ့ပြီး ပျော်ရမှာ"

အမေ့စကားတွေကြောင့် နဒီ့မျက်နှာလေး အလိုလို အတွန့်ချိုးသွားရသည်။
မသိရင် အမေပြောနေပုံက ဒီဒီကသူစိမ်း၊ ကိုက သူ့သားအရင်းကြနေတာပဲ။ ပြီးတော့ဘာလို့ ကိုက တခြားပြောင်းရမှာလဲ။ ဘယ်က မိန်းမကောင်းလေးနဲ့ ထပ်တွေ့ရအုန်းမှာလဲ။ ဟွန့် အမေကသာ သူ့သားကို move on စေချင်နေတာ။ ကိုကတော့ ဒီဒီ့ကို တစ်ရက်မပျက် miss callပေးနေတာကို သိဖြင့် မသိဘဲနဲ့။

ကြောင်ပူးတဲ့ ဖူးစာWhere stories live. Discover now