အပိုင်း(၈)

704 46 1
                                    

"ဒီဒီ ဒါကဘယ်ကိုလဲ"

ခိုးပြီးသွားတာ လူမိသွားသဖြင့် နဒီ တံခါးဆီသို့ ဦးတည်နေသော ခြေလှမ်းများကိုရပ်၍ နောက်ပြန်လှည့်ကာ အမေ့ကိုမျက်နှာချိုသွေးလိုက်ပြီး

"ဟိုလေ ဒေါက်တာ အဆင်ပြေလား၊ သွားကြည့်မလို့ပါအမေရဲ့ ဟီး"

အမေကတော့ ဒီဒီ့အကြံကိုသိနေသည့်အလား

"ဘာမှ အပိုတွေပြောမနေနဲ့၊ မိဒီဒီ နင့်ကို ငါမွေးထားတာပါ။ ညီးပါးစပ်ဟလိုက်တာနဲ့ ဗိုက်ထဲအူဘယ်နှစ်ခွေရှိသလဲ အကုန်သိတယ်"

"ဟုတ်လား၊ ကျွမ်းလှချည်လား အန်တီသီ၊ ဘယ်နှစ်ခွေရှိလည်း ပြောပြစမ်းပါ သိချင်လို့၊ အာ အာ အာ"

နဒီ အမေ့အာရုံပြောင်းသွားအောင်လို့ ပါးစပ်ကြီးကိုပြဲနေအောင် ဟပြပြီး ပြောနေသော်လည်း ၊ အမေက အာရုံမပြောင်းတဲ့ အပြင် ဗိုက်ခေါက်ကို တစ်ချက်လိမ်လိုက်၍

"ဟိုကလေးကို နင့်ကြောင် ပူးနေလား။ သောင်းကျန်းနေလား သိချင်လို့ အဲ့ကိုခဏခဏ သွားနေတာ၊ ငါမကြိုက်ဘူးနော် မိဒီ။ ဟိုက ဝင်ပူးနေတဲ့ အချိန် နင်ကတော့ ကိုယ့်ကြောင်လေး ဆိုပြီး ခေါင်းလေးပွတ်လိုက်၊ ကျောလေးသပ်လိုက်၊ မေးလေးကိုင်လိုက် လုပ်နေတာပေမယ့်၊ ဘေးပတ်ဝန်းကျင်ကတော့ သမီးရည်းစားတွေမို့ ကလူကျီစယ်နေတယ်ထင်ကြမှာဟဲ့။ ကိုယ်က မိန်းကလေး နာစရာရှိ ကိုယ်ပဲနစ်နာတယ်။ အနေအထိုင်ဆင်ခြင်၊ မဟုတ်လို့ကတော့ ငါ ဘုန်းး"

"ဟိုး စတော့၊ အမေတို့ကပြောလိုက်ရင် ဒါပဲ။ မသွားဘူး၊ မသွားတော့ဘူး၊ ကျေနပ်ပြီလား။ သမီးကလည်း သွားချင်လွန်းလို့ သွားတာ မဟုတ်ပါဘူး။ ချစ်လေးသောင်းကျန်းရင် ဟိုတစ်ယောက်က ဖုန်းဆက်ဆက်ပြီးအကူညီတောင်းလို့ သွားတာပါ အမေရဲ့၊ ပြီးတော့ ဆရာမကို ဘိုကင်တင်ထားတာလဲ၊ ခုပိတ်ရက်ဆိုသွားလို့ရပါပြီဆို၊ အရမ်းနာမည်ကြီးတော့ ချက်ချင်းသွားတွေ့လို့မရဘူးလေ၊ ခဏတော့ စောင့်ရတာပေါ့လို့"

ခုဆို ဒေါက်တာ ဒီဒီတို့ခြံကိုပြောင်းလာတာ နှစ်ပတ်တောင်‌ပြည့်တော့မယ်။ အကြားမြင်ဆရာမကလည်း တွေ့ချင် ဘိုကင်တင်ရတယ်ဆိုလို့ ချက်ချင်းသွားတွေ့လို့မရ။ ဒီကြားထဲ အမေက ဘုန်းကြီးပင့်မယ်ချည်းလုပ်နေလို့ မနည်းတားနေရတယ်။ ဒါပေမယ့် ဒေါက်တာ ရောက်လာပြီးတည်းက ဒီဒီအရင်လို ဖိုးချစ်ကို သတိရလို့ဆိုပြီး မျက်ရည်နဲ့မျက်ခွက်မဟုတ်တော့၊ ရွှင်ရွှင်ပြပြနဲ့ ပျော်ပျော်နေတတ်တဲ့ ဒီဒီ ပြန်ဖြစ်သွားပြီ၊ အကြောင်းက ဒေါက်တာရှိရင် ဖိုးချစ်လည်းရှိနေလို့လေ ဟီးးးး။ ဒေါက်တာ့ကိုတော့ အားနာပေမယ့် ဖိုးချစ် ဒေါက်တာ့ ကိုယ်ထဲ ဝင်ပူးချိန်ဆို ဒီဒီကတော့ ပျော်နေရောပဲ။

ကြောင်ပူးတဲ့ ဖူးစာDonde viven las historias. Descúbrelo ahora