အပိုင်း(၁၇)

592 32 0
                                    

ဘာစကားမှ ပြန်မပြောတော့သောကောင်မလေးကို ကြည့်၍ သီဟ စိတ်ထဲ ဘဝင်မကျဖြစ်ရသည်။

"နဒီ ဖိုးချစ်ကို တအားချစ်တယ်ဆိုတာ ကို သိတယ်၊ သိလို့လည်း ဒီနေ့ ဒီအချိန်ရောက်သည်အထိ သည်းခံလာခဲ့တာပေါ့။ ဒါပေမယ့် နဒီ တချို့တချို့ကိစ္စတွေက စွန့်လွှတ်သင့်တဲ့ အချိန်မှာ စွန့်လွှတ်လိုက်ရတယ်။ မဟုတ်ရင် သူ့အတွက်ရော ဒီဒီ့ အတွက်ရော မကောင်းဘူး"

"ဘာလဲ ကိုက အခု ချစ်လေးကို နှင်ထုတ်ဖို့ စဉ်းစားနေတာလား။ အဲ့လောက်ထိ မလုပ်လဲရတာပဲ၊ကိုရယ်။ အခုဟာက ချစ်လေးက ဒီဒီက ကို့ကို ချစ်ပြနေလို့ မနာလိုဖြစ်နေတာပါ။ အချိန်နည်းနည်းကြာရင် သူလည်း နားလည်သွားမှာပါ ကိုရဲ့"

"ဒီဒီ"

"ဒီဒီ အခုပြောနေတဲ့ စကားတွေရဲ့ အကျိုးဆက်က ဘာတွေလည်းရော သိရဲ့လား။ ဒီဒီပြောသလို ကိုလည်း စောင့်ပေးခဲ့တာပဲလေ၊ ဘာမမှ မထူးခြားလာတာ ဘယ်လို လုပ်ကြမလဲ။

ဒီအတိုင်းဆက်သွားနေရင်ကတော့ အမေပြောသလို သရဲမွေးတဲ့ ဇာတ်ပဲဖြစ်လာလိမ့်မယ် ဒီဒီ။

အဲ့လိုမျိုးတော့ ကိုယ် အဖြစ်မခံနိုင်ဘူး။

အဲ့တော့ ဒီဒီကြိုက်တာကို ရွေးပါ ဖိုးချစ်လား ကို့ကိုလား"

နဒီ ကို့ကို ကြည့်နေရင်းက ရင်ထဲစို့တက်လာသော ခံစားချက်တွေက မျက်ရည်အဖြစ်ကူးပြောင်းကာ မျက်ဝန်းအိမ်ထဲပြည့်လျှံ၍ ပါးအထက်သို့တလိမ့်လိမ့်စီးဆင်းသွားရသည်။

ဘာကို ရွေးရမှာလဲ ကိုရယ်။ ဘယ်လိုရွေးရမှာလဲ။ ကိုရော ဖိုးချစ်ရောက မတူတဲ့ ချစ်ခြင်းမျိုးနဲ့ ချစ်ရတဲ့ ဒီဒီ့ဘဝရဲ့ အစားထိုးမရတဲ့ အချစ်ရဆုံးသူတွေလေ။

ဖိုးချစ်က ဒီဒီ့အတွက်တော့ သားပဲ။ ကိုယ့်သားသမီးကို နှင်ထုတ်ရက်တဲ့ မိဘ ရှိပါ့မလား။

"ဒီဒီ အခု အဖြေတန်းမပေးနိုင်သေးရင် ကို အချိန်ပေးပါ့မယ်။ ဒါပေမယ့် ကို အဖြေ ထပ်တောင်းတဲ့အခါ ‌ဒီဒီ‌ပေးမယ့် အဖြေက ကိုတို့နှစ်ယောက်လုံးပျော်ရဖို့ကို မျှော်လင့်ပါရစေ"

နှစ်ယောက်လုံး မှာထားတဲ့ ဟင်းတွေ‌တို့တောင်မတို့ပဲ အိမ်ပြန်လာခဲ့ကြသည်။
အဲ့နေ့ကစလို့ ကိုဟာ ဒီဒီ့ကိုလည်း အတွေ့မခံပဲ ရှောင်နေသလို၊ အိမ်ပြန်မလာပဲ ဆေးရုံမှာ အိပ် ဆေးရုံမှာစားပဲ နေနေတော့၊ အမေကပါ သတိထားမိပြီး

ကြောင်ပူးတဲ့ ဖူးစာDonde viven las historias. Descúbrelo ahora