အပိုင်း(၁၄)

629 36 0
                                    

ဒေါက်တာက ရက်ချိန်းယူပေးထားတာမို့ ဒီဒီ အမေ့ကိုစစ်ဆေးစရာများရှိတာ စစ်ဆေးဖို့အတွက် ဆေးရုံကိုရောက်နေရသည်။
အထူးကုနဲ့ပြဖို့ဆို ဆီးဝမ်းသွေးအားလုံးစစ်ရတာမို့၊ တစ်ခုပြီး‌တစ်ခု တစ်နေရာပြီးတစ်နေရာ သွားလိုက်စစ်လိုက်လုပ်နေရင်းက အာထရာစောင်းရိုက်ဖို့ တန်းစီစောင့်နေချိန်

"အမေ၊ အမေ့အလှည့်ကလိုသေးတယ်ထင်တယ်၊ သမီး ဒေါက်တာ့ဆီ ခဏသွားလိုက်အုန်းမယ်၊ ချက်ချင်းပြန်လာမယ်သိလား"

နဒီ ဆေးရုံထဲဟိုမေးဒီမေးနဲ့ ဆရာဝန်များနားနေခန်းသို့ လာရင်းက ဒီဒီ့ကိုမြင်ရင် ဒေါက်တာ ဘယ်လိုဖြစ်သွားမလဲတွေးရင်း ရင်တခုန်ခုန်ဖြင့် အခန်းဝအရောက် ခေါင်းလေးပြူကာချောင်းကြည့်လိုက်တော့ တွေ့ပါပြီ ဂျူတီကုတ်အဖြူရောင်လေးနဲ့ ဒီဒီ့ရဲ့လူကြီးကို...

ဝင်သွားမလို့လုပ်ပြီးမှ ဒေါက်တာနဲ့ စကားပြောနေတဲ့သူက ဂျူတီကုတ်လေးဝတ်ထားသည့် ဆရာဝန်မလှလှချောချောလေး ဖြစ်နေသဖြင့် ခြေလှမ်းတို့ကတွန့်ဆုတ်သွားရသည်။ ထို့နောက် ဘယ်ချောင်ကထွက်လာမှန်းမသိသော သဝန်တိုခြင်းများက ရင်ထဲပြည့်တက်လာရပြီး လာရာလမ်းကိုပဲပြန်လှည့် လာခဲ့တော့သည်။

သီဟ မဥမ္မာနဲ့ စကားပြောနေရင်းက မျက်ဝန်းထောင့်က အရိပ်လေးတစ်ခုကိုဖျတ်ကနဲတွေ့လိုက်သဖြင့် အခန်းအပြင်ထွက်ကြည့်လိုက်တော့ ထင်သည့်အတိုင်း သူ့ရဲ့တာဝန်သိကြောင်ပိုင်ရှင်လေးဖြစ်နေတာမို့ အပြေးကလေးနောက်ကလိုက်ပြီး လက်ကိုဖမ်းဆွဲလိုက်ရသည်။

"ဟိတ် လူကိုလာချောင်းပြီး၊ ဘယ်ပြေးမလို့လဲ။ အန်တီ့ကို ဆေးလာစစ်တာလား၊ ဟုတ်လား။ ကိုပြောတယ်လေ ရောက်ရင် ဖုန်းဆက်လိုက် ကိုလာကြိုမယ်လို့"

"............."

ရုပ်ကလေးက စူပုတ်ပုတ်နဲ့ သူ့ကိုလည်းစကားမပြောကာ တေမိလုပ်နေသဖြင့် မေးဖျားလေးကို လက်နဲ့ကိုင်ပြီး မျက်နှာလေးကိုပင့်၍ သေချာကြည့်ကာ

"နဒီ ဘာဖြစ်နေတာလဲ။ ဘာလို့စကားမပြောတာလဲ၊ ဟင် ဟင်လို့"

"မသိပါဘူး၊တနေ့တနေ့ ဆေးရုံကပြန်လာရင် အရမ်းပင်ပန်းနေတာတွေ့တော့ ၊လူနာတွေကိုဆေးကုနေရတာ နားချိန်မရှိ၊ အရမ်းအလုပ်ရှုပ်နေမယ်ထင်ခဲ့တာ၊ ခုတော့..."

ကြောင်ပူးတဲ့ ဖူးစာTempat cerita menjadi hidup. Temukan sekarang