Arc 4.9

739 49 8
                                    

Unicode

James တစ်ယောက် မေ့မျောနေတဲ့ Boo ကိုခဏထားခဲ့ကာ ဖုန်းပြောရန်အပြင်ခဏထွက်သွားခဲ့သည်။ သူအခန်းထဲပြန်ရောက်တော့ ငုတင်ပေါ်မှာထိုင်နေပြီဖြစ်တဲ့ Boo

" Boo သက်သာလား ဘယ်လိုနေသေးလဲ ခေါင်းကိုက်သေးလား "

" ဟုတ် သက်သာပါတယ် Darling "

သူမနားတမ်းမေးမိတော့ စိတ်ပူတက်ရန်ကောဆိုတဲ့ မျက်စောင်းလေးထိုးကာ သူသက်သာကြောင်းပြောပြလာသည်။

" Boo မေ့သွားတော့ ကိုယ်ဘယ်လောက်ထိ စိတ်ပူသွားလဲသိလား "

" တောင်းပန်ပါတယ် စိတ်ပူအောင်လုပ်မိလို့ "

" မဟုတ်တာကွာ "

" Darling ရိုက်ကွင်းက "

" သူတို့လဲသိပါတယ် ဆေးရုံတက်နေရတယ်ဆိုတာ ပြီးတော့ မေမေတို့ကိုလဲဖုန်းဆက်ထားတယ် "

" ဟမ် ဘာလို့ဖုန်းဆက်တာလဲ Darling ရယ် အလကား စိတ်ပူရအောင် "

" ကိုယ်က "

" ကျွန်တော်က အပြစ်တင်တာမဟုတ်ပါဘူး "

" အင်း... "

Luther တစ်ယောက် သူ့ရှေ့ကလူကြီးကိုကြည့်ကာ ဒေါသထွက်မိတာ အခါခါပင်။ အကြောင်းကတော့ သူနိုးနိုးချင်း လူကြီးကိုမတွေ့ရတာကြောင့်ပင်။

[ ဪ host ရယ် သူလဲ Rain ရဲ့ကိစ္စကိုဖြေရှင်းရသေးတယ်လေ host မနိုးသေးဘူးထင်ပြီး ထွက်သွားတာပေါ့ ]

' တိတ်စမ်း သတိရလာလာချင်း ကိုယ်ချစ်ရတဲ့သူကိုမတွေ့ရတဲ့ ဒုက္ခကိုမင်းတို့လို fa တွေဘယ်သိမလဲ '

[ ဖဲ့တယ်နော် ]

Luther တစ်ယောက် ဆဲဗင်းနဲ့စကားနိုင်လုနေမိသည်။ သူပဲစိတ်ထင်နေတာလားတော့မသိ ဆဲဗင်းရဲ့အသံက ပျော်ရွှင်နေပုံရသည်။ ဆဲဗင်းတစ်ယောက် ပျော်စရာတွေ့ထားလို့ထင်ပါရဲ့....

" Luther ဘယ်လိုနေသေးလဲ "
အသံကြားလို့မော့ကြည့်တော့ ဒါရိုက်တာကြီးနဲ့ မင်းသမီး Sophia

" ဒါရိုက်တာကြီး မမ Sophia လာလေ "

" အေး James အိမ်ခဏပြန်လိုက်ဦး ငါတို့စောင့်နေပေးမယ် "

ပင်ပမ်းနွမ်းနွယ်နေပုံရတဲ့ James  ကို Wine ကပြောလိုက်ချင်းပင်။ ထိုအခါမှ James ကလဲ
" အင်း အဲ့တာဆို ခဏပြန်ဦးမယ် Boo ကိုယ်ခုချက်ချင်းပြန်လာခဲ့မယ်နော်

ဗီလိန်အားကယ်တင်ခြင်း  ( System  ) (Complete) Where stories live. Discover now