Description

1.9K 90 2
                                    

Title - Where’d My Delicate Little Wife Go?

ငါ့ချစ်ဇနီးလေးဘယ်ရောက်သွားလဲ...

Description 💥

ရှဲ့ယွင်နန်သည် သူ့ကိုယ်သူ အခြားသူတစ်ဦး၏ အချစ်ဇာတ်လမ်းထဲရှိ အမြှောက်စာဇာတ်ကောင် တစ်ဦး ဖြစ်နေကြောင်းနှင့် ထို့ကြောင့်ပင်လျှင် အသက်ဆုံးရှုံးရမည်ဖြစ်ကြောင်းကို မတော်တဆ သိလိုက်ရ၏။

ဘယ်လိုတောင် အကျိုးနည်းစရာကြီးလဲကွ ... သူကဖြင့် နည်းနည်းလေးမှတောင် မသေချင်သေးပါဘူးနော် ...

ပြီးတော့ သူက သေချာပေါက်ကို အထက်ပုဂ္ဂိုလ်လေ ငယ်ငယ်လေးကတည်းက လှပပြီး နူးညံ့တဲ့ အသားအရေပိုင်ရှင် ဇနီးချောလေးနဲ့ လက်ထပ်ရဖို့ စိတ်ကူးယဉ်နေခဲ့တာကို ...

နူးညံ့အားနည်းကာ သနားဖွယ်ကောင်းလှသည့် အလှလေးကို မတော်တဆ ကယ်တင်မိပြီးနောက် ရှဲ့ယွင်နန်သည် လက်ထပ်မှတ်ပုံတင်ကို အရယူခဲ့၏။

သူ လက်ထပ်ခဲ့ကာ ဆန်ကုန်မြေလေးကောင်လည်း ထွက်သွားတော့သည်။

လက်ထပ်မှုအပြီးတွင် ရှဲ့ယွင်နန်သည် ဇနီးငယ်လေးကို‌‌ နေ့စဉ် ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ခဲ့ပြီး ယုံကြည်အားကိုးရသည့် ခင်ပွန်းကောင်းတစ်ဦး ဖြစ်စေရမည်ဟုပါ အခိုင်အမာ ကတိပြုခဲ့သည်။

တစ်ဖြည်းဖြည်း ကျွေးမွေးပြုစုနေရင်းမှာပင် မှားယွင်းမှုတစ်စုံတစ်ရာကို တစ်စထက်တစ်စ သတိပြုမိလာ တော့သည်။

လိမ္မာတဲ့ ဇနီးလေးရေ မင်းက ဘယ်လိုဖြစ်လို့ ပိုပိုပြီး ခွန်အားကြီးလာနေရတာလဲ ...

ခန္ဓာကိုယ် ကြံ့ခိုင်ရေး ကျင့်စဉ်ကို အရူးအမူး ကျင့်ကြံသူ သွမ့်ချန်ချင်းသည် တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသည့် သနားစဖွယ် အလှလေး၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းသွား ပြီးနောက် သူနှင့် နှလုံးသားချင်း ထပ်တူကျနေသည့် တာအိုကျင့်ကြံ‌ရေး လက်တွဲဖော်ကို တွေ့ရှိခဲ့သည်။

သူက လွန်စွာ ကျေနပ်အားရမိခဲ့၏။

သူ့ကြွက်သားတွေ ပြန်ပြီး သန်မာလာအောင် အတတ်နိုင်ဆုံး အမြန်ကြိုးစားပြီး သူ့ကျင့်ကြံဖော်ကို အနိုင်ကျင့်ရဲတဲ့သူတွေ အကုန်လုံးကို တစ်ယောက်မကျန် ရိုက်ချပစ်ရမယ် ...

သွမ့်ချန်ချင်းက ကျင့်ကြံ‌ရေးတွင် များစွာ အားစိုက်ထုတ်၍ ကြိုးစားခဲ့သည်။ သန်မာထွားကျိုင်းလာပြီးနောက် သူသည် ဤကမ္ဘာ၌ အလေးစားခံရဆုံး ကျင့်ကြံသူ ဖြစ်နေပြီဖြစ်ကြောင်း ကိုပါ ရုတ်ချည်း သတိပြုမိသွား၏။

သူပုန်တပ်ဖွဲ့၏ ခေါင်းဆောင် ဖြစ်လာကာစ ထို့အပြင် ကျင့်ကြံသူခေါင်းဆောင်အပါအဝင် ကျင့်ကြံသူ အားလုံးကို သတ်ဖြတ်ရန် လက်အောက်ငယ်သားများနှင့် ဆွေးနွေးနေသည့် သွမ့်ချန်ချင်း :   “.....”

ငါ့ရဲ့ ကျည်ကာအင်္ကျီကို ဘယ်လိုမျိုး ဖွက်ထားရမလဲ .... အွန်လိုင်းပေါ်မှာ အပူတပြင်း စောင့်နေပါတယ်!!!

🐶0

ငါ့ရဲ့ နူးညံ့တဲ့ချစ်ဇနီးလေးဘယ်ရောက်သွားလဲWhere stories live. Discover now