Chapter 19

148 26 0
                                    


Chapter 19

ရှဲ့ယွင်နန်က ညကိုးနာရီခွဲသည်အထိ စိုက်ခင်းထဲတွင် ရှိနေခဲ့သည်။

သူသည် များသောအားဖြင့် သူကိုယ်တိုင် မွမ်းမံပြုပြင်ထားသော တစ်ပတ်ရစ် မော်တော်ဆိုင်ကယ်ကိုသာ မောင်းနှင်တတ်သည်။ ၎င်းမှာ အသုံးပြုရန် လွယ်ကူလှသော်လည်း တစ်ခါတစ်ရံတွင် စက်နိုးလာရန်ပင် နှေးကွေးလှ၏။ အထူးသဖြင့် ရာသီဥတု အေးသည့် အချိန်များတွင် စက်နှိုး၍ပင် မရချေ။

နွေရာသီဖြစ်သည့်အတွက် စက်ကို အမြန်နှိုးနိုင်၍သာ တော်သေးသည်။  ရှဲ့ယွင်နန်က ဆိုင်ကယ်ကို စက်နှိုးထားကာ ကလေးများကို ပြောလိုက်သည်။

"သွားရအောင် ..."

သူ့ကားမှာ ကလေးများ တူးထားသည့် ကန်စွန်းဥများဖြင့် ပြည့်နေသည့်အတွက် သူက ထိုကလေးများနှင့်အတူ ခပ်ဖြည်းဖြည်းသာ ပြန်လာရန် စီစဉ်လိုက်သည်။ 

ညကြီးမင်းကြီးကို ဒီကလေးတွေ ဓားပြတိုက်ခံရရင် .. မတွေးရဲစရာပဲ ...

ရှဲ့ယွင်နန်က ကလေးများ ရှိရာသို့ လျှောက်သွားလိုက်သည်။  မျက်နှာဖုံးတပ်ထားသည့် အမျိုးသားတစ်ဦးက အမှောင်ထဲတွင်ပုန်းကာ သူ့ကို တစ်ချိန်လုံး စိုက်ကြည့်နေကြောင်းကိုမူ လုံးဝ သတိမပြုမိခဲ့ချေ။

ဦးစွာ ကလေးများ နေထိုင်ရာ ကျူးကျော်ရပ်ကွက်ကို အရင်လိုက်ပို့လိုက်သည်။

ကျူးကျော်ရပ်ကွက်မှာ နေ့ခင်းအချိန်တွင်ပင် ပရမ်းပတာ ဖြစ်နေရာ ည မှောင်ရိပ်ပျိုးချိန်တွင် မည်သို့မည်ပုံ ဖြစ်နေမည်‌ဖြစ်ကြောင်း ပြောနေရန်ပင် မလိုတော့ချေ။ အရက်အမူးလွန်၍ ယိုင်ထိုးနေသူများကို နေရာအနှံ့ တွေ့နေရသည်။ 

ကလေးများကို ပို့ပြီးသည့်နောက် မြို့ထဲရှိ သူ့အိမ်ဆီသို့ ပြန်လာလိုက်သည်။

အပေါ်ထပ်ရှိ သွမ့်ချန်ချင်းက သူ ပြန်ရောက်လာသည်ကို ချက်ခြင်း သတိပြုမိလိုက်သည်။  တစ်စုံတစ်ခုကို ဝိုးတဝါး သတိပြုမိလိုက်သည့်အတွက် အဝေးကို လှမ်းကြည့်လိုက်သည်။ 

သိူ့သော် မည်သည့်အရာကိုမှ မတွေ့ရ။ 

ရှဲ့ယွင်နန်က အပေါ်ထပ်သို့ တက်မလာမီ အောက်ထပ်တွင် အဝတ်များကို လဲလိုက်သည်။  သူ အပေါ်ထပ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် လှေကားဝတွင် စောင့်နေသည့် သွမ့်ချန်ချင်းကို တွေ့လိုက်ရသည်။ 

ငါ့ရဲ့ နူးညံ့တဲ့ချစ်ဇနီးလေးဘယ်ရောက်သွားလဲWhere stories live. Discover now