Chapter 6

229 33 0
                                    

Chapter 6

ရှဲ့ယွင်နန်က ကားတစ်စီးကို ပြင်ဆင်ပေးရင်း တစ်နေ့လုံး အလုပ်များနေခဲ့၏။

သူသည် အလွန်အမင်း ရှုပ်ထွေးခက်ခဲလှပါသည့် ပြုပြင်မွမ်းမံမှုများကို မပြုလုပ်နိုင်သော်လည်း သမားရိုးကျ မွမ်းမံမှုများကိုမူ တတ်စွမ်းနိုင်ပေသည်။ ပုံမှန်အားဖြင့် ငွေကြေးလည်း အများအပြား မရှိ၊ ခွန်အားအရာတွင်လည်း အားနည်းလှသော မုဆိုးများကသာ သူ့ထံ လာရောက်၍ ပြုပြင်မွမ်းမံလေ့ရှိကြပြီး ငွေကြေးကြွယ်ဝသူများမှာမူ ကျွမ်းကျင်သည့် စက်ပြင်ဆရာထံသာ သွားရောက်လေ့ရှိကြသည်။

တစ်မနက်ခင်းလုံး အလုပ်များနေပြီးနောက် နေ့လည်စာ စားရန် တစ်ခုခု ဝယ်ယူကာ အပေါ်ထပ်သို့ ပြန်တက်လာလိုက်သည်။

အပေါ်ထပ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ရှဲ့ယွင်နန်သည် ကာတွန်းကားအား မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေသည့် သူ ကယ်ဆယ်လှသော အလှလေးနှင့် ဘေးရှိ ခေါင်းအုံးပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့် သူ့အဖော်သားရဲကို တွေ့လိုက်ရသည်။

အဖော်သားရဲများကို အပြင်ဘက်သို့ ထုတ်ထားနိုင်ကာ အပြင်ဘက်တွင် ရှိနေစဉ်၌ သူတို့သည်လည်း သာမန်တိရိစ္ဆာန်များကဲ့သို့ပင် စားနိုင်သောက်နိုင်ကြပေသည်။

အကယ်၍ မစားမသောက်ဘဲ နေပါလျင်လည်း ဆာလောင်မှုကို ခံစားရမည် မဟုတ်ချေ။

တီဗီလိုင်းကို  အခြားတစ်ခုသို့ ပြောင်းထားကြောင်း သိလိုက်ရသည့်အခါမှ ရှဲ့ယွင်နန်လည်း စိတ်သက်သာရာရသွားတော့သည်။

ဒီတစ်ယောက်က ပြင်ပကမ္ဘာကို တုန့်ပြန်နိုင်သားပဲ ဒါဆို မဆိုးပါဘူး ...

သူ့မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိနေပြီး ရူးနေမှာကို ကြောက်နေတာ တကယ်သာ ရူးနေတာ ဆိုလို့ကတော့ ... ဒီလူက ရှေ့လျှောက် တစ်ယောက်တည်း နေနိုင်မှာ မဟုတ်ဘူး ...

အနီးအနားရှိ ကျူးကျော်ရပ်ကွက်များတွင် လူဆင်းရဲအများအပြား နေထိုင်ကြကာ မြို့တော်ရှိ ကြွယ်ဝသူများက ထိုသူများအတွက် အစာရေစာ လှူဒါန်းပေးလေ့ ရှိသည့်အတွက် အချိန်ကာလ တစ်ခုမျှအထိ ငတ်မွတ်လိမ့်မည် မဟုတ်ချေ။

ငါ့ရဲ့ နူးညံ့တဲ့ချစ်ဇနီးလေးဘယ်ရောက်သွားလဲOnde histórias criam vida. Descubra agora