အပိုင်း (၅)

17.9K 1.4K 31
                                    

တည်မိုးအေးချမ်းမှာ ဖြစ်ခဲ့တာတွေမေ့ပစ်လိုက်ဖို့သာတွေးလိုက်တော့တယ်။
ထပ်တွေးနေရင် သူပိုစိတ်တိုရတာပဲရှိမှာ။

အားလုံးကိုမေ့ပစ်ပြီး ပုံမှန်လုပ်နေကျအတိုင်းစာလုပ်ရန် စာကြည့်စားပွဲနားထိုင်လိုက်တယ်။ Laptopအဖုံးမှာကပ်ထားတဲ့ stickerကသူ့ကိုပြောင်ပြနေသလို။

တကယ်ပဲပြောင်ပြနေတာ။ ကာတွန်းပုံစံ မြေခွေးလေးကမျက်လုံးမှိတ်ပြီးလျှာထုတ်ပြနေတဲ့ပုံ။

သူဘာလို့ဒီstickerကို ဝယ်လာမိတာလဲ။

မြင်လိုက်ရင် မချိုမချဉ်မျက်နှာနဲ့ကောင်ကို ကျောင်းတစ်ဖက်လမ်းကူးရင်းတွေ့ရင်ကို သူ့မှာမလုံမလဲတွေဖြစ်ခဲ့ရတာ။

ညီသာဝင်းထိန်ရဲ့လွယ်အိတ်မှာ သူ့လိုပဲ Murakami Flower ကိုတပ်ထားတာမြင်တော့ သူတကယ်ရင်ခုန်ခဲ့တာ။ သူနဲ့ဆင်တူပစ္စည်းကိုပါ ဝယ်တပ်ထားတဲ့သူ။ ပိုပြီးသိလာလေလေ ပိုနက်ရှိုင်းလာတဲ့စိတ်ရင်းတွေ...ပုလင်းပေါ်ကစာသားတွေက ပိုပြီးအသက်ဝင်လာလေလေ ဖြစ်ခဲ့တာ။

တီ တီ တီ

သူ့အတွေးတွေက ဖုန်းရဲ့တုန်ခါသံကြောင့် ပြတ်တောက်သွားတယ်။

ကြည့်လိုက်တော့ နှင်းရည်လွင်ဆီက။ ညဘက်၉နာရီကျော်ရင် အရေးကြီးကိစ္စမှမဟုတ်ရင် ဖုန်းမဆက်ဖို့ ပြောထားတာမို့ အခုတစ်ခေါက်က အရေးကြီးကိစ္စဖြစ်လောက်မယ်။

သူကိုင်လိုက်တော့ သူ့သူငယ်ချင်းရဲ့ အော်သံကို စူးခနဲကြားလိုက်ရတယ်။

"ညီသာဝင်းထိန် တကယ်ကိုမကောင်းတဲ့ကောင်ပဲ ! "

ကြားလိုက်ရတာက အခုလတ်တလော သူ့စိတ်ထဲမှာချဥ်စူးစူးနေရာယူထားတဲ့ သကောင့်သားရဲ့နာမည်။

"ဘာဖြစ်လို့လဲ"

"မြတ်သူကိုဆဲနေတယ် နင်လိုင်းဖွင့်ကြည့်လိုက်အုံး တကယ်မုန်းဖို့ကောင်းလိုက်တာ"

နှင်းရည်လွင်အသံမှာ တော်တော်ကိုဆွဲဖြဲချင်နေတဲ့အငွေ့အသက်တွေ ပါနေတယ်။

"မြတ်သူကိုဆဲရအောင် မြတ်သူကဘာလုပ်လိုက်လို့လဲ"

"မြတ်သူက မှားတာမှမဟုတ်တာ။ အဲညီသာဝင်းထိန်သက်သက် လူပါးဝတာ... တကယ်ကြည့်မရပါဘူးဆိုနေမှ"

Watermelon Juice Where stories live. Discover now