Valentine's Day Special

14.4K 1.2K 67
                                    

တည်မိုးအေးချမ်းတစ်ယောက် အခုတလော chocolate နဲ့ပတ်သတ်တဲ့ recipeတွေရှာရင်းအလုပ်များနေတယ်။

သူနောက်ဆုံး အတည်ပြုလိုက်တာက chocolate truffle တုံးများလုပ်‌ဖို့ပင်။ ထိုအရာက ညီသာလဲကြိုက်သလို လုပ်ဖို့လည်းလွယ်တယ်။

ဒီနှစ်Valentine's Dayက သူနဲ့ညီသာဝင်းထိန်နှစ်ယောက်လုံး တူတူဖြတ်ကျော်ရမဲ့ပထမဆုံးနှစ်မို့ သူတော်တော်စိတ်လှုပ်ရှားနေတယ်။ အစက ညီသာ့ကိုချောကလက်နဲ့ပန်းစည်းတွေဝယ်ပေးဖို့စီစဥ်ထားတာ။ သူ့ကားနောက်ခန်းအပြည့် ပန်းတွေထည့်ပြီး ညီသာ့ကိုပေးမယ်လို့ သူစီစဥ်နေတာ...

ဒါပေမဲ့ ညီသာက ချောကလက်တွေမကြိုက်ဘူးဆိုတာ သူအချိန်မီသိလိုက်ရတယ်။

ချောကလက်တွေမကြိုက်ဘူးဆိုတာ ဝယ်ပေးတဲ့ချောကလက်တွေမကြိုက်ဘူးလို့ ဆိုလိုတာ။

ရှင်းအောင်ပြောရရင် ထိုနေ့ကပေါ့...

နည်းပညာတက္ကသိုလ်ကန်တင်းမှာ တည်မိုးအေးချမ်းနဲ့ညီသာဝင်းထိန် နှစ်ယောက်တစ်ကမ္ဘာလုပ်ပြီး ထမင်းစားနေတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်တည်းရှိတာတော့မဟုတ်ဘူး။ ဘေးနားမှာ နည်းပညာကကျောင်းသား‌မျိုးစုံထိုင်နေကြတယ်။ ကန်တင်းကလူရှုပ်တာမို့ ခုံတန်းအရှည်ကြီးမှာ သူတို့တစ်ဝိုင်းတည်းပေါင်းထိုင်နေကြရတယ်...ဂိမ်းဆော့တဲ့သူကဆော့ ဖုန်းသုံးတဲ့သူကသုံးနဲ့ပေါ့။ ဒီနေရာမှာရှိသမျှကျောင်းသားအားလုံး ညီသာနဲ့သိတယ်။ ညီသာ့ကိုအမြဲဖက်နေတဲ့...တည်မိုးနဲ့ရည်းစားဖြစ်တော့မှ မဖက်တော့တဲ့ညီသာရဲ့ဂျူနီယာနှစ်ယောက်လုံးလဲ ဒီမှာရှိတယ်။

အဲသည်အချိန်မှာပဲ ကျောင်းသားတစ်ယောက်က Vdayအတွက်ချောကလက်ဝယ်ဖို့ စီစဥ်ထားလား သူ့ဘေးကလူကိုမေးတာကနေစပြီး ဘာချောကလက်ကောင်းလဲ မေးကြတိုင်ပင်ကြတဲ့ စကားဝိုင်းကိုရောက်သွားတယ်။ နောက်ဆုံးတော့ ကျောင်းကောင်စီဥက္ကဋ္ဌ ရန်ပုံငွေအတွက်ရောင်းနေတဲ့ ပန်းစည်းနဲ့ချောကလက်တွေပဲ လွယ်လွယ်ဝယ်လိုက်ဖို့ သူတို့ဆုံးဖြတ်ကြတယ်။ တစ်ချက်ခုတ်နှစ်ချက်ပြတ်...ကျောင်းအတွက်လဲ အဆင်ပြေ သူတို့လည်းအလုပ်မရှုပ်ခေါင်းမစားတော့ဘူးပေါ့။

Watermelon Juice Where stories live. Discover now