အပိုင်း (၁၃)

15.3K 1.3K 51
                                    

"ဖုန်းနံပါတ်ပေးထား"

တည်မိုးအေးချမ်းက ဆိုင်းမဆင့်ဗုံမဆင့်,  Hi ! Hello! တစ်ခုမှအစပျိုးခြင်းမရှိတဲ့ message ကိုပို့လာတယ်။ လိုင်းတက်နေရင်း နိုတီသံနဲ့အတူဝင်လာတဲ့စာကြောင့် ညီသာမှာငေါက်ခနဲထထိုင်မိတဲ့အထိ။

တည်မိုးအေးချမ်းရဲ့ account တကယ်ဟုတ်မဟုတ်ကိုတောင် ပြန်စစ်ဆေးလိုက်မိတယ်။ followers သောင်းဂဏန်းကိုမြင်မှ account အစစ်ဖြစ်ကြောင်း ယုံရတော့တယ်။

"09...."

ညီသာက ခပ်မြန်မြန်ပဲပို့ပေးလိုက်တယ်။ နောက်ဆုံးတော့ သူတို့နှစ်ယောက်ကဖုန်းနံပါတ်လဲတဲ့အဆင့်ကိုတောင် ရောက်သွားပြီလား။ တည်မိုးအေးချမ်းခေါ်တဲ့သုံးခေါက်လုံး ညီသာကသွားပေးရမယ်။ အဲတာဆို သုံးခေါက်တောင် တွေ့ရအုံးမှာပေါ့။

တည်မိုးအေးချမ်းကို လူတွေသဘောကျကြတာက သေချာပေါက်ရုပ်ချောလို့ဖြစ်တယ်။ တချို့ကျတော့လဲ ခပ်ချေချေနေတတ်တာနဲ့ စတိုင်ကျတာကြောင့်လို့ ထပ်ပေါင်းပြောတတ်ကြတယ်။

ညီသာကတော့ တည်မိုးအေးချမ်းကို အူတိအူကြောင်နိုင်တယ်လို့ပဲ မြင်တယ်။ တစ်ဖြောင့်တည်းသာသွားတတ်ပြီး ပြောင်းလဲမှုတွေလုပ်ရတာမကြိုက်တဲ့သူကို ကလိချင်တယ်။ ခန့်မှန်းရလွယ်သူရဲ့ စိတ်ကိုခန့်မှန်းပြီး စိတ်တိုအောင်၊ပျော်အောင် လုပ်ချင်တယ်။

၁၀မိနစ်အကြာမှာ ညီသာ့ဆီဖုန်းဝင်လာတယ်။ ဖုန်းစိမ်းပေမဲ့ ဒါကတည်မိုးအေးချမ်းပဲဆိုတာ ညီသာအတပ်သိတယ်။

"ငါပါ"

ထင်တဲ့အတိုင်းပါလေ။

"အေး ပြော"

"ငါ့ရဲ့ပထမဆုံးတောင်းဆိုချက်ကိုပြောမလို့"

"အင်းပြောပါအုံး"

"မင်းရဲ့ကျောင်းမှာ နေ့လယ်စာအတူစားရအောင်"

တည်မိုးအေးချမ်းရဲ့စကားကြောင့် ညီသာသည် လက်သည်းကိုက်လိုက်မိတယ်။
ဒီလောက်ရိုးရှင်းတဲ့ တောင်းဆိုချက်ကိုသူဘာလို့ရင်တွေခုန်နေရတာလဲ။

"ငါရဲ့ကျောင်းမှာလား"

"အင်း နည်းပညာတက္ကသိုလ်ကန်တင်းက စားလို့ကောင်းတယ်ဆိုလို့"

Watermelon Juice حيث تعيش القصص. اكتشف الآن