အပိုင်း (၁၁)

17K 1.4K 5
                                    

ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲနေ့ကို ရောက်လာတယ်။ နှစ်တိုင်းကျင်းပနေကျ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲဖွင့်ပွဲကို နည်းပညာတက္ကသိုလ်မှာပဲ လုပ်ကြတယ်။ ညီသာတို့ကျောင်းမှာ ကျယ်ဝန်းသောအားကစားခန်းမနဲ့ ကွင်းပြင်ကျယ်ရှိတာကြောင့်ပင်။

ဘောလုံးပွဲစဥ်တွေကိုကျ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ကကွင်းမှာကျင်းပတယ်။ ဘောလုံးပွဲက ပွဲစဥ်အဆင့်ဆင့်ပြိုင်ရတာ။ Final ပွဲစဥ်ကိုတော့ တက္ကသိုလ်တွေမှာအလှည့်ကျကျင်းပတယ်။ ဒီနှစ်တော့နိုင်ငံခြားဘာသာစကားတက္ကသိုလ်မှာ ကျင်းပမယ်ဟု သိထားတယ်။ ညီသာကများသောအားဖြင့် Final ပွဲမှပဲသွားကြည့်တတ်တယ်။ သူတို့ကျောင်းက နှစ်တိုင်းFinalထိတက်နေကျ။

အားကစားက ညီသာနဲ့တော့သိပ်မဆိုင်။ အပြေး၊ အမြင့်ခုန်၊ ကြက်တောင်ရိုက်အဲတာတွေ တစ်ခုမှသူစိတ်မဝင်စား။ သူစိတ်ဝင်စားတာက ပြိုင်ပွဲမှာဘယ်သူနိုင်မလဲ လောင်းကစားလုပ်ရတာကိုပဲ။ကျောင်းသားအချင်ချင်း အပျော်လောင်းကြတာမို့ သူတို့တိုးတိုးတိတ်တိတ်လုပ်ကြတယ်။ နိုင်သွားရင် အားကစားကိုယ်တိုင်ဝင်မပြိုင်ပေမဲ့လဲ နိုင်တဲ့ပိုက်ဆံတွေသုံးပြီး အောင်ပွဲခံလို့ရတယ်။

ညီသာရဲ့ အငယ်လေးနှစ်ယောက်ဖြစ်တဲ့ ကောင်းမြတ်မိုးဟိန်းနဲ့မြတ်စောသာက ဘောလီဘောပြိုင်ပွဲမှာပါတယ်။ ထိုကလေးတွေကို အားပေးဖို့ရော လတ်လျားလတ်လျားလုပ်ဖို့ရော အားကစားခန်းမထဲမှာ ညီသာရှိနေတယ်။

ခန်းမထဲမှာ တက္ကသိုလ်ပေါင်းစုံကလူတွေ ကိုယ့်အစုနဲ့ကိုယ်ရှိနေကြတယ်။ မုန့်ကျွေးရန်အတွက် မုန့်ထုပ်ပေါင်းများစွာကိုဖောက်ပြီး အိတ်တွေထဲထည့်နေတဲ့သူတွေရယ်။ ကော်ဖီ၊ အအေး၊ ‌ရေသန့်နဲ့ ဓာတ်ဆားဘူးများလဲ လုံလုံလောက်လောက်ပြင်ဆင်ထားတယ်။

အအေး၊ရေသန့်နဲ့ဓာတ်ဆားဘူးများက လိုသလောက်ယူရန် စားပွဲရှည်တွေနဲ့ခင်းကာတင်ထားပေမဲ့ မုန့်ကတော့ကိုယ်တိုင်ကိုယ်ကျဝေပေးမှာဖြစ်တယ်။ မုန့်ထုပ်အမျိုးအစားအစုံအလင်ကို အိတ်ထဲစုထည့်ပြီး randomဝေပေးမယ်။ ဒါတွေက ညီသာရောက်တည်းက စပ်စုထားတာတွေ။

Watermelon Juice Where stories live. Discover now