Bonus

17.6K 1.4K 65
                                    

ရည်းစားဖြစ်ပြီး သူတို့ပထမဆုံးတွေ့ရတဲ့နေရာက တည်မိုးအေးချမ်းရဲ့အိမ်မှာ။
ညီသာ့ရည်းစားလေးက ဖျားနေတယ်လေ။ ရုတ်တရက်ကြီး ကောက်ခါငင်ခါဖျားတဲ့တည်မိုးအေးချမ်းကြောင့် သူကပထမဆုံးအနေနဲ့ သူ့ရည်းစားလေးကိုပြုစုဖို့ အိမ်ရောက်သွားရလေတယ်။

အိမ်တံခါးလာဖွင့်ပေးတဲ့ တည်မိုးအေးချမ်းမျက်နှာက သိပ်မကောင်း။ နီစပ်စပ်ဖြစ်နေပြီး မျက်လုံးတွေကပါမို့အန်းနေတယ်။ ညီသာ့လက်က တည်မိုးအေးချမ်းနဖူးပေါ်တန်းရောက်သွားတယ်။
အဖျားရှိနေတုန်းပဲ။

"ပူနေတာပဲ"

"အင်း ငါတကယ်ဖျားနေတာ"

အသံပါနည်းနည်းအက်နေသလိုပဲ။ တည်မိုးအေးချမ်းက သူ့လက်ကိုဆွဲပြီးအိမ်ထဲခေါ်သွားတယ်။ လက်တွေကပါ ချစ်ချစ်တောက်ပူနေတာ။

"မင်းဆေးမသောက်ဘူးလား"

"အင်းမသောက်ရသေးတာ ငါအိပ်ပဲအိပ်ချင်နေလို့"

မျက်လုံးလဲကောင်းကောင်းဖွင့်နိုင်တဲ့ပုံမပေါ်။ ဆိုဖာပေါ်တန်းပြီးပစ်လှဲချတဲ့ တည်မိုးအေးချမ်းက ဆိုဖာဘေးနားကိုပုတ်ပြလာတယ်။

"ညီသာ ဒီမှာလာထိုင်"

ညီသာလဲပါလာတဲ့ပစ္စည်းတွေကို စားပွဲပေါ်တင်ကာ တည်မိုးအေးချမ်း
အိပ်နေတဲ့နေရာနားသွားထိုင်လိုက်တယ်။ တည်မိုးအေးချမ်းက သူ့ကိုဆွဲဖက်လာပြီးအတူတူအိပ်စေတယ်။ လူကောင်ကြီးတဲ့ တည်မိုးအေးချမ်းက ညီသာ့ကိုအပီအပြင်ကိုဖက်ထားတာ။ ခြေထောက်တစ်ဖက်ကပါခွထားသေးတယ်။ အသက်ရှူလိုက်တိုင်း တည်မိုးအေးချမ်းရှူထုတ်လိုက်တဲ့လေပူတွေက ညီသာ့လည်ပင်းကိုလာရိုက်တယ်။
ကိုယ်တော်ချောကတော့ ဒီအနေအထားမှာ မျက်လုံးမှိတ်ပြီးအေးဆေးပြန်အိပ်နေပြီ။

"တည်မိုးအေးချမ်း မင်းဒီလိုပဲအိပ်နေတော့မှာလား"

"အင်း"

"ဘာစားပြီးပြီလဲ"

"ဘာမှမစားရသေးဘူး"

မိဘတွေခရီးသွားတုန်းဖျားနေပြီး ပေတေနေတဲ့ပုံပါပဲ။ ညီသာတစ်ယောက် အိပ်နေသူခေါင်းကိုခေါက်ချင်လာတယ်။ ဆေးမသောက် အစားလဲမစားဘဲ ခွေခေါက်အိပ်နေတယ်။

Watermelon Juice Where stories live. Discover now