အပိုင်း (၁၀)

17.1K 1.4K 38
                                    

ဂန္ဓမာပန်းအဝါစည်းကို စက်ဘီးခြင်းထဲ ထည့်ကာ လမ်းလျှောက်နေတဲ့သူတွေကို အတင်းရအောင်ရှောင်ရင်း ရှုပ်ယှက်ခတ်နေတဲ့လမ်းပေါ် စက်ဘီးနင်းလိုက်တယ်။ ဒီလမ်းက စျေးလမ်းဖြစ်တာမို့ အမြဲလူရှုပ်နေကျ။ ဒါကြောင့်အမေကဒီလမ်းတွေပေါ်  ညီသာ့ကိုစက်ဘီးမစီးခိုင်းပေ။

ညီသာဝင်းထိန်ကတော့ စက်ဘီးမှာပါတဲ့bellကိုဆက်တိုက်နှိပ်ကာ ပါးစပ်ကလဲအော်ရင်း စက်ဘီးရအောင်စီးတယ်။

သူတို့ခေါက်ဆွဲဆိုင်ရှေ့ရောက်တော့ စက်ဘီးကိုရပ်ကာထောင်ထားလိုက်တယ်။ သူတို့အိမ်က သုံးထပ်အုတ်တိုက်ဖြစ်ပြီး အောက်ထပ်မှာခေါက်ဆွဲဆိုင်ဖွင့်ထားတယ်။ ရှေးခေတ်လက်ကျန်အငွေ့အသက်အပြည့်နဲ့ အုတ်တိုက်ကအမြင်အရတော်တော် ဟောင်းနေပေမဲ့ခေါက်ဆွဲဆိုင်ဆိုင်းဘုတ်ရယ် စားပွဲခုံတွေနဲ့ ဥဒဟိုဝင်ထွက်သွားလာနေတဲ့သူတွေကြောင့် ခေတ်ဟောင်းစတိုင်စားသောက်ဆိုင်လေးလိုလိုနဲ့ ကြည့်ပျော်ရှုပျော်တော့ရှိတယ်။

"ပြန်လာပြီခင်ဗျ"

"ဘုရားပန်းပဲဝယ်ခိုင်းတာ ဘာလို့အဲလောက်ကြာနေတာလဲ"

"မုန့်တီဝင်စားနေလို့ခင်ဗျ"

ညီသာဝင်းထိန်က ပြောင်စပ်စပ်နဲ့အမေမေးသမျှကို ဖြေနေတယ်။ တခြားသူတွေထက်စာရင် အမေ့ရှေ့မှာပြောင်ချော်ချော်လုပ်ရတာက ပိုပျော်ဖို့ကောင်းလို့။

"ဆိုင်ကခေါက်ဆွဲစားလေ ဘာလို့ပိုက်ဆံကုန်အောင် အပြင်ကဝယ်စားနေတာလဲ"

"အမေ့ဆိုင်က ခေါက်ဆွဲနဲ့ မုန့်တီနဲ့တူမလား"

"သွား အေပရွန်ဝတ် ငါ့ကိုကူပေးအုံး"

"အမေ့ဆိုင်မှာ ဝန်ထမ်းအင်အားလောက်ရဲ့သားနဲ့"

"ဒီနေ့နောက်ကျမှလာမယ်လို့ပြောထားလို့ပေါ့"

အမေကဆန်ပြားပွဲတွေနဲ့ အမဲလုံးခေါက်ဆွဲပွဲတွေကို လက်သွက်သွက်နဲ့ပြင်နေရင်း ညီသာ့ကိုစကားပြောနေတာမို့ အချိန်မဆွဲဘဲ အေပရွန်ကိုကောက်ဝတ်လိုက်တယ်။

သူ့အလုပ်ကစားပွဲထိုးပေးရမှာ။



ဆိုင်ထဲကိုဧည့်သည်အသစ်ဝင်လာတာမို့ ထိုင်နေတဲ့နေရာကိုရှင်းပေးရန်နဲ့ မှာမဲ့အရာကိုမေးရန် ထိုနေရာကိုခပ်သွက်သွက်သွားလိုက်တယ်။

Watermelon Juice Where stories live. Discover now