Part 1

1.3K 134 5
                                    


Finland နိုင်ငံ​၏ မှုန်မှိုင်းနေသော ညအလယ်

အနက်ရောင်Sweaterပွပွတစ်ထည်ကို ဘောင်းဘီJeanပွတစ်ထည်နှင့် ရိုးရိုးကလေးဝတ်ဆင်ထားသည်ကိုပင် ခန့်ညားသေသပ်နေသော လူရွယ်တစ်ဦး။
ထိုသူက သူ​၏ပခုံးထောက်နေသောဆံနွယ်တို့ကို လက်ချောင်းများဖြင့် နားရွက်အနောက်ဘက်ကို ဖြစ်သလို သိမ်းပြီးမှ သူ့အရှေ့က အနည်းငယ် သေးသွယ်သည့် လူကို
Namjoon:""ကျနော်တို့ ကိုရီးယားကို ပြန်သွားကြရတော့မှာလား Yoongi Hyung..?"

"အင်း.."

"ဒါဆို Jin Hyungကိုရော...."

ဟူး...

​ပင့်သက်ရှိုက်သံသဲ့သဲ့က လေထဲပျံနှံ့သွားပြီး
"ရအောင် ခေါ်သွားရမှာပေါ့.."

ကင်ဆော့ဂျင် ကျနော်တို့သိထားခဲ့တဲ့ Jinဟာ တိကျတယ်။ထက်မြက်တယ်။ပြီးတော့ ပြတ်သားတယ်။ ဒါဟာသူတို့သိထားတဲ့ သူရဲ့ပုံစံအမှန်ပဲ။

လူသားအဖြစ် တစ်ဘဝစာလောက်နေခဲ့ရတဲ့Jinဟာ ဒီဘဝမှာ ၁၀နှစ်ကျော်၊၁၁နှစ်ထဲဝင်တာတောင် ဝံပုလွေတစ်ကောင်ရဲ့လက္ခဏာမပြနိုင်သေးဘူး။
၁၀နှစ်အရွယ်မှာ ပထမဆုံးအကြိမ်အဖြစ်လိုက်ပါခွင့်ရတဲ့ အုပ်စုလိုက်အပျော်တမ်းအမဲလိုက်ခရီးစဉ်မှာ Jinဟာ သူက တခြားလူတွေနဲ့ မတူဘူးဆိုတာကို စတင်သိရှိသွားခဲ့တယ်။
ဒါကြောင့် နောက်ပိုင်း လူကြီးတွေက သူ့ကို အမဲလိုက်ဖို့ဘယ်လိုခေါ်ခေါ် လျင်မြန်ခြင်းရော သန်မာခြင်းပါမရှိရှာတဲ့Jinဟာ အမဲလိုက်ခြင်းကိုရော မြင့်မြတ်တောင်ကုန်းပေါ်ကိုရော ဘယ်တော့မှ လိုက်မသွားတော့ဘူး။

ရှေးရိုးဆန်လှတဲ့Finlandရဲ့စည်းမျဉ်းတွေကြောင့် ဝံပုလွေလက္ခဏာမပြနိုင်သေးတဲ့ Jinကို သူတို့ရဲ့ဝံပုလွေလူသားတွေကို ပညာသင်ပေးတဲ့ကျောင်းမှာ တက်ရောက်ခွင့်မရှိဘဲ သာမာန်လူသားတွေရဲ့ကျောင်းမှာသာ ပညာသင်ကြားခွင့်ရရှာတယ်။

Jinဟာ အိမ်မှာဆိုလည်း သူများနဲ့မတူတဲ့ လူသားတစ်ယောက်။
ကျောင်းမှာဆိုလည်း လူသားတွေနဲ့မတူတဲ့ အနှစ်၃၀၀နီးပါးမှတ်ဉာဏ်ရှိနေတဲ့ ဝံပုလွေလူသားတစ်ယောက်။

မျှချေမညီတဲ့ ဘဝ၂ခုမှာနေထိုင်ရင်း ကြာလာတဲ့အခါ Jinဟာ ဂျွတ်ဆတ်လာတယ်။
အရိုင်းဆန်လာတယ်။

Sigma ( Beta, Side Story )Where stories live. Discover now