လွန်ခဲ့သည့်တပတ်လုံးလုံး ရင်ဘတ်ထဲမှာ ဘယ်လိုဖြည့်ဖြည့်မပြည့်နိုင်သည့် တွင်းနက်ကြီးတစ်ခုရှိနေမှန်း Jinသိသည်။တမ်းတတတ်သည့် လွမ်းဆွတ်တတ်သည့် စိတ်မျိုးမဟုတ်ဘဲ တစုံတခုကို အသည်းအသန်လိုအပ်နေသည့်စိတ်မျိုးဖြစ်နေသည်။အချိန်ကြာလာသည့်အခါ ထိုလိုအပ်ချက်သည်တဖြေးဖြေးကြီးထွားလာကာ ဒေါသအဖြစ်ပြောင်းလာသည်။တစ်စုံတစ်ဦးအပေါ် အလောတကြီးပေါက်ကွဲချင်လာသည်။
လူတကာနှင့် ခြားနားစွာပင် ခွန်အားဗလသည်လည်း ပိုမိုကြီးထွားလာသည်ဖြစ်ရာ Jinရဲ့အဖြစ်သည် လမ်းလျှောက်နေသော အချိန်မရွေးပေါက်ကွဲနိုင်သည့် နျူကလီးယားချိန်ကိုက်ဗုံးတစ်လုံးလိုဖြစ်လာသည်။ရှိရှိသမျှ Alphaတိုင်းကို စိန်ခေါ်တိုက်ခိုက်ပြီး နှစ်လအတွင်း အဆင့်မြင့်အတန်းကို တက်ရောက်လာနိုင်သည့် ပထမဆုံး Betaအဖြစ်လည်း ကျော်ကြားလာသည်။
ထစ်ခနဲရှိလူချတတ်သော ဒေါသအလွန်ကြီးသည့် Beta။ဘာမထီ မျက်နှာဖြင့် ဆရာပင်မကျန် ခုံပြောခံငြင်းတတ်သော Beta။
Omegaကျားမ မရွေးသလို Beta Alphaများပါ အကုန်လက်ခံကာ ရည်စားအဖြစ်တွဲတတ်သော မျက်နှာများသည့် Beta။
အထူးခြားဆုံးမှာ Fight club၏ပွဲစဉ်တိုင်းတွင် ဝံပုလွေအသွင်မပြောင်းပါဘဲ အသွင်ပြောင်းဝံပုလွေတိုင်းကို အနိုင်တိုက်နိုင်သည့်အပြင် တိုက်ခိုက်ရေးမှူးAntonနှင့်ပင် မကြာခဏစိန်ခေါ်လေ့ရှိသော Betaအဖြစ် နာမည်ကြီးလာလေသည်။
Soobinပင် အနားမကပ်ရဲသည်အထိ Jinသည် ဆိုးရွားလာသည်။အထီးကျန်ဆန်လာပြီး လူအများသတိထားရသည့် Lone wolfဖြစ်လာသည်။
"Jin..!,..Jin.."
"ပြော.."
"ညကျ တကယ်မအားဘူးလား.."
သောက်လက်စ coffee ခွက်ကို အောက်ချလိုက်ပြီး သူ့ကို လက်ချိတ်ထားတဲ့ ရည်စားအသစ်ကလေး Yuriကို
"အင်း..ကျနော်မအားဘူး..""ဒါပေမယ့် ဒီည မမ ဂျူတီနားရက်လေ.."
နှုတ်ခမ်းစူကာ ကနွဲ့ကလျပြောနေသော Yuriကို
"ကျနော်မအားဘူးပြောပြီးပြီပဲ မမအားနေရင် မမကြိုက်တဲ့လူကို ခေါ်လို့ရတယ်.."