Part 7

428 66 3
                                    




ညလယ် လေ့ကျင့်ရေးကွင်းတွင် လူ၇ယောက်။

ကွင်းပြင်​၏တစ်ဖက်တွင် Jin..
ကျန်တစ်ဖက်တွင် Taehyungရှိနေသည်။

"Jin..ငါပြောထားတာ မမေ့ပါဘူးနော် ."

Jinသည် ရှုံ့မဲ့ပြီး ဆဲမည်အလုပ် Jungkookကို လှည့်ကြည့်မိလိုက်သဖြင့် မဆဲဖြစ်တော့ဘဲ အသံတိတ်သွားသည်။

"သိတယ်..."

"တစ်လနော်..မင်း ငါ့ကို အဖေလို့ တစ်လခေါ်ရမှာ.."

"အေးပါကွာ..လျှာကို ရှည်တယ်..."

ထိုစဉ် Taehyungက ဝံပုလွေသဏ္ဌာန်ပြောင်းကာ စတင်တိုက်ခိုက်လေသည်။Jinမှုကား အသွင်မပြောင်းနိုင်သေးဘဲ လူသားအသွင်အဖြစ်သာ တိုက်ခိုက်ခွင့်ရသည့်အတွက် လက်နက်ကိုင်ဆောင်ခွင့်ရပြီး ဓါးဖြင့် စတင်တိုက်လိုက်လေသည်။

ထိုအချင်းအရာကို သဘောမကျသူက Yoongi
"Jungkook..မင်းက တိုက်ခိုက်ရေးမှူးနော်..အခုအချိန်အထိ Jinရဲ့innerwolfကို မဖော်နိုင်သေးဘူးလား.."

ယှဉ်ပြိုင်မှုကို စိုးရိမ်တကြီးစောင့်ကြည့်နေသော Hobiသာမက ကျန်လူများကလည်း Yoongiနှင့် Jungkookတို့​၏ပြောစကားများကို မသိမသာ နားစိုက်ထောင်နေကြသည်။

"ဟုတ်တယ်..Hyung...ခွန်အားနဲ့လျင်မြန်မှုက သူမတူအောင် ထူးချွန်ပေမယ့် အခုအထိဝံပုလွေပုံစံကို မပြောင်းနိုင်သေးဘူး..."

:"မင်း ရူးနေလား Jungkook..Jinကို ဒီလိုပုံနဲ့ challengeတွေ ဝင်ခိုင်းနေတာ ဒီအတိုင်းဆို Jinမှာ အန္တရာယ်များတယ်..သင်တန်းသားတွေနဲ့တိုက်ခိုက်နေတာ ပြဿနာမဟုတ်ပေမယ့် အရွယ်ရောက်ပြီးသား....."

"ဟာ!!!!.."

လူတိုင်း​၏အာမေဍိတ်သံကြောင့် Yoongiပြောလက်စ စကားတို့ ပြတ်ကုန်​၏။တိုက်ခိုက်ရာနေရာကို လှမ်းကြည့်လိုက်သည့်အခါ ဝံပုလွေဖြစ်နေဆဲTaehyung​၏ဂုတ်ကို ခွစီးထားသော လူသားJinက Taehyungခေါင်းအား ဓါးဖြင့် ရွယ်ထား​၏။

Jin​၏မျက်ဝန်းများက သားရဲတစ်ကောင်နှယ်။

ရှုံးနိမ့်သူ ဝံပုလွေတစ်ကောင်​၏မျက်ဝန်းများမှာ နူးညံ့မှုဖြင့် လူသားဆန်နေသလောက် အနိုင်ရသူ လူသားမှာ သားရဲဆန်နေသည်။

Sigma ( Beta, Side Story )Where stories live. Discover now