Koreaနိုင်ငံသက်ဆိုင်ရာလေဆိပ်သို့ လေယာဉ်စိုက်သည်နှင့် Namjoonသည် Jinကိုင်ထားဖုန်းကို ဆွဲယူကာ သူတို့အား လာကြိုရမည့်သူကို ဖုန်းဆက်အကြောင်းကြားရန် ပြင်လေတော့သည်။
အုပ်စု၇ယောက် ဖုန်း၁လုံးသာ ရှိသည်မို့ ထိုခေါက်ဖုန်းငယ်လေးကိုပင် Jinမှအပ အားလုံးက အထူးအဆန်းလို အဝိုင်းအုံကြည့်နေကြလေသည်။Hobi:"Namjoon မင်းစိတ်နဲ့ဆက်သွယ်ကြည့်လေ...ဒါမှမဟုတ် ..."
ဘေးဝဲယာကို ကြည့်ကာ
Hobi:"Wolfသံ ပေးကြည့်ပါလား..."Namjoonက Hobiပြောစကားကို မည်သို့မျှတုန့်ပြန်မှု မပေးဘဲ ဖုန်းကို နားအနားကပ်ကာ အားစိုက်နားထောင်နေစဉ် Jinက လူအုပ်ကြားထဲက တစ်နေရာကို လက်ညှိုးထိုးပြလေသည်။
Jin:"ဟိုးမှာ မင်းနာမည်Namjoonလို့ စာရွက်ကိုင်ထားတဲ့ ကောင်လေး.."
Namjoon:"သွားစို့..."
ထိုလူငယ်လက်ထဲက စာရွက်ကို သေချာကြည့်ပြီးသည့်နောက် ဖုန်းကို ခေါက်ပိတ်လိုက်ပြီး Taehyungထံ ထိုးပေးလိုက်သည်။
Jin:"ငါ့ဖုန်းလေ ဘာလို့..."
သူ့ဖုန်းကို တခြားလူပေးလိုက်သည့်အတွက် မကျေမနပ် မျက်နှာမဲ့နေဆဲ Jinကို Taehyungက ပခုံးဖက်ကာ
Taehyung:"my son.."
My sonခေါ်တိုင်း ဒေါသအလွန်ထွက်တတ်သည့် Jinမှာ ရှုးရှုးရှားရှားဖြစ်လာပြီး ပခုံးဖက်ထားသောလက်ကို ဖယ်ချ၍ဆဲမည့်ဟန်ပြင်ချိန်
Taehyung:"ဘာလဲ My son...မင်းဟာလည်း အဖေ့ဟာပဲလေ..ဟား...ဟား..ဟား..ပြီးတော့ မင်း လူသားလေးတွေကို ဒီစက်နဲ့ ဆက်သွယ်မှာကို မင်းဦးလေးတွေက မကြိုက်ကြဘူးလေ..."
Jin:"....."
Taehyung:"သည်းလေးHoseokie ကျနော့်ကို စောင့်ဦး..."
ထို့နောက် Taehyungက စကားစပြတ်သွားသလို ခရီးဆောင်အိတ်ကို ဒရွတ်တိုက်ဆွဲကာ Hobiနောက်ကို ဒုန်းစိုင်းပြေးလိုက်သွားလေသည်။
ထိုစဉ် အနောက်ဘက်မှ ရယ်ပြုံးပြုံးဖြင့် ထွက်လာသော Jungkookက
Jungkook:"သွားရအောင် ကောင်လေး.."Jin:"ကောင်လေး..@ီးကို ကောင်လေး....@ီးကို my son...မင်းတို့အကုန်ကို....$$$$"