Part 4

460 74 3
                                    




Gamma~~~
(Submissive Alpha...)

Alphaတစ်ကောင်က လူသားတစ်ဦးဦးကို ကိုက်ခဲမိလိုက်သည့်အခါ ပြောင်းလဲလာနိုင်တဲ့ werewolfမျိုးစိတ်တစ်မျိုးဖြစ်လေသည်။
Alphaတစ်ကောင်လောက် အင်အားမကြီးသော်ငြား ကြံခိုင်သန်မာသည်။
Alphaတွေလောက် ပိုင်ဆိုင်လိုစိတ် ယှဉ်ပြိုင်လိုစိတ်မကြီး။
မိသားစုအပေါ် ကာကွယ်လိုစိတ်ပြင်းထန်သည်။
လိုချင်ရမက်ကြီးသော်ငြား ကြိုးစားချင်စိတ်နည်းပါးကြသည်။
ပျော်ပျော်နေတတ်သော စိတ်ထားရှိလေသည်။
Gammaတစ်ကောင်သည် သွေဖယ်နေတတ်သော Sigmaနှင့် လွန်စွာပနံ့သင့်လေ့ရှိကြသည်။

(*တအားကြီးမှတ်ရခက်ရင် ၂ခုပဲ မှတ်ထားပေးပါ။
Sigma-Alphaနဲ့တန်းတူဆက်ဆံလို့ရတဲ့ Omega
Gamma-Werewolfတစ်ကောင်က လူသားကို ကိုက်ရင်ဖြစ်လာမယ့် Alpha)

💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚

သွင်းကွဲAlphaလေး Soobin

"ဟေ့...ဟေ့..ကောင်လေး.."

"......"

"ဟေ့...ကျောင်းသားသစ်.."

စင်္ကြံတောက်လျှောက် အနောက်ဘက်က သူ့အော်ခေါ်သံကို မကြားဟန်ဆောင်ကာ လမ်းလျှောက်နေသော ကောင်လေးပခုံးကို ပုတ်ကာ
"Kim...Seokjin..!!.."

ထိုအခါမှ အဆိုပါ ပေကပ်ကပ်ကောင်လေးက အနောက်ကို လှည့်ကာ ဘာကိစ္စလဲဆိုသည့် သဘောဖြင့် မေးဆတ်ပြလိုက်သည်။
ပြေးလိုက်လာရ၍ မောဟိုက်နေဟန်ဖြင့်
"လက်ရုံးရည်စမ်းဖို့ တွဲဖက်ရှာပြီးပြီလား..."

"တွဲဖက်.."

"အေးလေ..ဒီအပတ် စနေ ငါတို့လူသစ်တွေ fight clubမှာ rankingခွဲဖို့ challenge ရှိတယ်လေ..."

:"အော်~~~~"

တစုံတရာကို စဉ်းစားနေဟန်ရှိသော Jinပခုံးကို ဖက်ကာ သူတို့နောက်တစ်ချိန်တက်ရမည့် Herbology အတန်းဘက်ဆွဲခေါ်လာလေသည်။
"လုပ်ပါကွာ..မင်းနဲ့ငါက ကျောင်းဝင်တာ ရှေ့နောက်ပဲ..ငါ့မှာလည်း အခုအထိသူငယ်ချင်း မရှိသေးဘူး...မင်းပဲ စဉ်းစားကြည့်လေ ....ငါနဲ့မတွဲရင် မင်းဘယ်သူနဲ့တွဲမလဲ.."

"အင်း.."

"တကယ်လား..ဟေ့ရောင်..အဲ့ဒါဆို ငါစာရင်းသွားပေး...."

Sigma ( Beta, Side Story )Where stories live. Discover now