Part 12

535 71 2
                                    



ထိုနေ့မှလွန်၍ တလခန့်ကြာသော်

Jinအပေါ် တခြားသူတွေ နားမလည်နိုင်သည်ထက် Jungkookက ပို၍နားမလည်နိုင်ဖြစ်ရသည်။အထူးသဖြင့် သည်ကနေ့ညလိုမျိုး။

ညဦးပိုင်းကတည်းက Jungkookအခန်းထဲသို့ ဇိုးဇိုးဇက်ဇက်ဝင်လာပြီး အိပ်ရာပေါ်အနားယူနေသော သူ့ကို အကြမ်းပတမ်းဖက်နမ်းလေသည်။
သို့သော် သူ့အား Jungkookက  လက်ဖျားကလေးနှင့်ပင် အထိမခံ ကိုင်မခံ။ကြည့်ပင် မကြည့်ရ။

မာန်ဖီကာ ငြိမ်ငြိမ်နေဖို့ တားမြစ်လေသည်။

Jungkookအပေါ်မှနေကာ စိတ်ကြိုက်နမ်းပြီးမှ သူ​၏ဝတ်လက်စ အဝတ်အစားများကို ချွတ်ခိုင်းလေသည်။
ထိုအဝတ်အစားအဟောင်းများကို သူ့ညဝတ်အင်္ကျီပေါ်မှ ထပ်ဝတ်င်္ပြးမှ ယောင်ပေပေဖြင့် နံဘေးတွင် လှဲအိပ်ကာ သူ့စောင်ကို ယူခြုံအိပ်လေသည်။
ဘဝဆက်တိုင်း Jinအလိုကျ၊Jinစိတ်ဖြင့်သာ ကျေနပ်စွာနာခံခဲ့သော Jungkookသည် ကုတင်ပေါ်တွင်သာ ငြိမ်ငြိမ်ကလေးနေပေးရ​၏။

ထိုသို့သောညမျိုးတွင် Jinစိတ်ဆိုးကာပြန်ထွက်သွားမည်ကို စိုးရိမ်သဖြင့် Jungkookမှာ အသက်ပင်ဝဝမရှုရဲသည်အထိဖြစ်ရသည်။
ဒါတောင် Jungkook​၏အသက်ရှုသံသည် ပြင်းလွန်းသည်ဟုဆိုကာ ထထရိုက်ပြီး ပြန်ထွက်သွားသည့်အခါမျိုးလည်းရှိသေးသည်။
ထိုအခါမျိုးတွင် သူ့ရင်ထဲမှာ သိမ်းထားရသည့် ခပ်ကြမ်း
ကြမ်းအရိုင်းစိတ်တို့ကား ပိုပြင်းကြောင်း သက်သေပြချင်မိသည်မှာ အကြိမ်ကြိမ်ပင်။

ယခုလည်း

ညနေအတန်းချိန် အားလုံးပြီးလောက်တွင် အဆင့်မြင့်တန်းက Alphaကျောင်းသားတစ်ယောက်ဖြစ်သော Woodyနှင့်အတူ မြင့်မြတ်တောင်ကုန်းတောင်ဘက်က တောအုပ်အတွင်း ၂ယောက်တည်းဝင်သွားသည်ဟူသော သတင်းကြောင့်Jungkookခေါင်းမီးတောက်နေသည်။
တပတ်ကို တစ်ယောက်နှုန်းဖြင့် အချိန်တိုင်းတစ်ဦးမဟုတ်တစ်ဦးနှင့် အီနေလေ့သော Jinအား ရှေ့တွင်တမျိုး၊ကွယ်ရာတစ်မျိုး အမျိုးစုံကို ထိန်းကျောင်းနေရသဖြင့် Taehyungရော Hobiကပါ သူ့အပေါ်သနားစိတ်ဝင်လာလေပြီ။

ယခုလည်း
Soobin:"ညနေ၅နာရီလောက်မှာ အတူဝင်သွားကြတာ.."

"သူတို့၂ယောက်က..တွဲနေကြတာလား.."

Sigma ( Beta, Side Story )Where stories live. Discover now