Part 13

536 77 4
                                    



Jinရော Jungkookပါ တပတ်နီးပါး တောထဲတွင် ပျောက်ချင်းမလှပျောက်သွားပြီး ပြန်ပေါ်လာချိန်

Yoongiသတင်းပေးမှုကြောင့် Jin Omegaဖြစ်နေခြင်းအတွက် ပထမဆုံးတုန်လှုပ်ရသူမှာ Taehyungပင်။Hoseok​၏ရနံ့ကတောင် သက်သာစေနိုင်ခြင်းမရှိသဖြင့် တရက်တည်း ထမင်း၇နပ်လောက်စားပြီး စိတ်လှုပ်ရှားမှုကို ဖြေလျှော့နေရသည်။

ပါးစပ်မှလည်း
"ငါ့သားက omega..omega.."ဟု တတွတ်တွတ်ရွတ်ပြောကာ ပလုတ်ပလောင်းအားရပါးရစားနေရရှာသည်။

ဒုတိယမှာ Pack leader Kim Namjoonပင်။

"Jin Hyungက တကယ်Omegaလား"ဟု ဘေးကဖြတ်သွားသည့် သူငယ်ချင်းမှန်သမျှကို နာရီဝက်တခါမေးနေသဖြင့် သူ့နားက ဝေးဝေးရှောင်နေကြရသည်။

ကျောင်းတော်တွင်းမှာလည်းJinက Omegaမှန်းမသိကြသေးသော်ငြားလည်း အငယ်ဆုံးနှင့်အပွေးဆုံးBetaကို အအေးဆုံးနှင့်အတော်ဆုံး Alphaက မိတ်ဖက်အဖြစ် ရွေးချယ်သွားသည်ဟူသော သတင်းက ထိပ်တန်းသတင်းတစ်ပုဒ်ဖြစ်နေလေသည်။
တချို့က ခေါင်းတငြိမ့်ငြိမ့်ဖြစ်နေကြသလို တချို့က တောက်တခေါက်ခေါက်ဖြင့် နှမြောတသဖြစ်နေကြသည်။

မည်သို့ပင်ဆိုစေကာမူ Alphaတိုင်းကို ရန်စလေ့ရှိသော Jinတစ်ယောက် ငြိမ်သွားခြင်းအတွက် ဆရာများက ဝမ်းသာနေကြသည်။
Jinလို လူပေတစ်ယောက်ကို ငြိမ်အောင်ထိန်းထားနိုင်ပြီး Dominant လုပ်နိုင်သည့် Jungkookအပေါ်တွင်လည်း အထင်ကြီးလာကြလေသည်။

Namjoomရုံးခန်းတွင် Namjoonအပါအဝင် သူငယ်ချင်း၅ဦးတို့ နေလည်စာစားနေကြချိန်
Namjoon:"ငါ နားမလည်ဘူး."

Yoongi:"ဘာကိုလဲ.."

Namjoon:"ဟိုလေ.."

Jiminနှင့် Hoseokကို အားနာသလိုတချက်ကြည့်ကာ
Namjoon:"Jinက Omegaဆို ဘာလို့presentedလုပ်ပြီးတာနဲ့ နူးညံ့မသွားဘဲ အားပိုကြီးလာတာလဲ...တော်ရုံAlphaတွေက သူ့ကို ဘာလို့ မယှဉ်နိုင်တာလဲ.."

Jungkook:"ဟုတ်တယ်...Hyungက တအားသန်မာလွန်းတယ်..သူ့အရောင်ကိုလည်း ကျနော့်သက်တမ်းတလျှောက်မှာ တခါမတွေ့မိဖူးဘူး......Yoongi Hyungတစ်ခုခုများ သိနေလား..."

ကျန်၄ယောက်တို့သည်လည်း Namjoonနှင့်အတူ Yoongiထံမှ အဖြေစကားကို စောင့်နေကြသည်။ထမင်းကို အေးဆေးတည်ငြိမ်စွာစားနေသော Yoongiက
Yoongi:"ငါလည်း သိဖို့ကြိုးစားနေတုန်းပဲ.."

Sigma ( Beta, Side Story )Where stories live. Discover now