Part 16

461 69 2
                                    



~Jungkook~

~Jungkook~

Namjoon​၏အလောတကြီး ခပ်လောလောခေါ်သံကြောင့် Jungkookနိုးထလာချိန်တွင် အိပ်ရာပေါ်တွင် Jinကမရှိတော့။

"Hyung..?..ရေချိုးခန်းထဲမှာလား..."
​ခပ်ဝေးဝေးမှ ကျောင်းသားတို့​၏ရယ်သံ၊စကားပြောသံမှတပါး သူတို့အခန်းကားတိတ်ဆိတ်နေလေသည်။

"Hyung..?.."

ထိုစဉ် Namjoon​၏စိတ်ချင်းဆက်သွယ်သည့် အော်ခေါ်သံကို ထပ်ကြားလိုက်ရပြန်သည်။
~Jungkook~

~ဟုတ်ကဲ့ ~

~Jinမင်းနဲ့အတူတူရှိနေတာလား.~

~ကျနော် သူ့အခန်းထဲမှာ ရှိနေပေမယ့်~

ရေချိုးခန်းတံခါးကို ဆွဲဖွင့်လိုက်သောအခါ လူသူကင်းမဲ့နေသည့်အတွက်

~သူက ရှိမနေဘူး Namjoon Hyung~

ရေချိုးခန်းကအထွက် ဗီရိုထဲမှ တိုးလိုးတန်းလန်းကျနေသော အင်္ကျီများအပြင် ကြမ်းပြင်ပေါ်တွင်လည်း အင်္ကျီအချို့ပြန့်ကျဲနေလေသည်။

~Jungkook~မင်း ဒီကိုလာခဲ့မှဖြစ်မယ်~

Namjoonရုံးခန်း

ရုံးခန်းထဲသို့ဝင်ဝင်ချင်းပင် မျက်ရည်များနှင့်တရှုံ့ရှုံ့ငိုနေသော Hobiကို Taehyung​၏ရင်ခွင်ထဲတွင် မြင်လိုက်ရလေသည်။ခေါင်းငိုက်စိုက်နေသော Jiminကလည်း Hobi​၏ကျောပြင်ကို ပွတ်သပ်ပေးနေလေသည်။
လပေါင်းများစွာခံစားခဲ့ရသော ရင်ဘတ်ထဲက မွန်းကြပ်မှုခံစားချက်က သာ၍တိုးလာသည့်အတွက် အသက်ကို ဖြေးညင်းစွာရှုနေရလေသည်။

Namjoon:"ထိုင်..Yoongi Hyung..?."

Namjoon​၏အချက်ပေးမှုကြောင့် Yoongiက အရှေ့ကိုထွက်လာပြီး Jungkookနှင့်မျက်နှာချင်းဆိုင်ရပ်လိုက်သည်။

Yoongi:"ဒီမနက် ကျောင်းသားငယ်လေး၄ယောက် သေဆုံးနေတာကို မော်ကွန်းထိန်းက သတင်းပို့တယ်..Jungkook.."

ထိတ်လန့်သွားသော Jungkookကို ဆက်လက်၍
"အဲ့ဒီ၄ယောက်က ဝံပုလွေတစ်ယောက်ရဲ့လက္ခဏာမပြလို့ လူသားအနေနဲ့အိမ်ပြန်ပို့ရမယ့် ကလေးတွေ..တဆတ်တည်းဆိုသလိုပဲ ကျောင်းက Woodyတို့အုပ်စုနဲ့Yuriပျောက်နေတယ်.."

Sigma ( Beta, Side Story )Where stories live. Discover now