Part 8

504 72 2
                                    




မုန့်စားဆောင်
ခဏခဏအောင့်အောင့်နေသော ဗိုက်အခြေအနေကြောင့် ထမင်းမစားဘဲထိုင်နေသော Jinအား အကြောင်းအရင်းမသိသေးသော Soobinသည် ထမင်းအတင်းကျွေးနေ​၏။
ရိုးရိုးအောင့်နေရာက အခုဆို ဝမ်းဗိုက်ထဲတွင် ကြိုးထုံးကြီး တစ်ခုရှိနေပြီး ထိုကြိုးထုံးကို လူနှစ်ယောက်က အားဖြင့်အပြန်အလှန်ဆွဲနေကြသည့်ပုံစံမျိုးဖြစ်လာသည်။
ထိုသို့ပြိုင်ဆွဲကြသည့်အခါ ကြိုးထုံးက ရင်ခေါင်းအထိ ရုန်းကုန်လုံးတက်လာဟန်ဖြစ်သဖြင့် ပျို့အန်ချင်လာသည်အထိ နာကျင်ရသည်။
အထူးသဖြင့် Jungkookနှင့် အသွင်ပြောင်းလေ့ကျင့်ချိန်ရောက်လျှင် နာကျင်မှုက ပိုပြင်းထန်လာသလို အကြိမ်ရေလည်း စိပ်လာသည်။

ထိုအချိန်မျိုးရောက်လာလျင် သူ့မျက်စိအရှေ့က Jungkookကို.....

Soobin:"ဟေ့ရောင်..မင်းမစားသေးဘူးလား.."

Jin:"အေး..မစားချင်ဘူး.."

ထမင်းပန်းကန်လုံးကို တစ်လှည့် Jinကို တစ်လှည့်ကြည့်ရင်း နှုတ်မှအသံမထွက်စေဘဲ
ငါ Antonကို ဘယ်လိုအကြောင်းပြန်ရမလဲ~~

ငူငူငိုင်ငိုင်ဖြစ်နေဆဲ Jinကို
"ညဘက် ငါတို့အပြင်ခိုးထွက်ကြမလို့ မင်းလိုက်ဦးမလား.."

ခေါင်းခါပြကာ လွယ်အိတ်ထဲစာအုပ်များကောက်ထည့်လိုက်ပြီး
"ညကျ စည်းကမ်းကြီးကြပ်ရေးမှူးLeoကိုယ်တိုင် ကင်းလှည့်မယ်ပြောတယ်.."

"ဟင်..မင်းဘယ်လိုလုပ်သိလဲ...."

Jungkookနှင့်Jinတို့ လေ့ကျင့်ရေးရှိသည့်ညတိုင်း အပြင်လူမတွေ့ရှိရအောင် Taehyungကိုယ်တိုင် ကင်းလှည့်လေ့ရှိသည်။
စားလက်စများပစ်ချထားခဲ့ကာ
:"ဟိုကောင်တွေကို အစီအစဉ်ဖျက်ဖို့ သွားပြောလိုက်ဦးမယ်.."ဟုဆိုကာ သုတ်ခြေတင်ပြေးလေတော့သည်။

Apoloကိုကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်ကာ
"မင်းတို့လို လူတွေကြောင့် ငါတို့ဝံပုလွေမျိုးစိတ်ကြီးတစ်ခုလုံး အခုအထိပုန်းလျှိုးကွယ်လျှိုးနေနေရတာ..."

ထိုနောက်သက်ပြင်းချကာ နောက်တစ်ချိန်အတန်းရှိရာကို ထွက်ခဲ့တော့သည်။

💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚

မျိုးပွားခြင်းဆိုင်ရာ သင်တန်းချိန်

Sigma ( Beta, Side Story )Where stories live. Discover now