Part 5

504 78 3
                                    



Astronomy
နက္ခတ်တာရာဗေဒ

နေ့ခင်းဘက်ဖြစ်လင့်ကစား အခန်းတွင်းပြင်ဆင်ချက်တချို့ကြောင့် တခန်းလုံး ပိန်းပိန်းမှောင်နေသည်။ကျောင်းသားတချို့က ပက်လက်ကုလားထိုင်ခုံပေါ်တွင် ထိုင်နေကာ မျက်နှာကြက်ပေါ်ရှိ ကြယ်အစုအဝေးများကို ငေးမောကြည့်နေကြသည်။
ညဘက်မြင်တွေ့ရသော ကောင်းကင်မြင်ကွင်းအတိုင်း စီမံထားကြသဖြင့် ညဘက်သူတို့အပြင်ထွက်စရာမလိုတော့။

ဟိုးအရင် နက္ခတ္တဗေဒအကြောင်းသင်ပြလျှင် အတန်းချိန်အတန်းမတက်ကြဘဲ Yoongiနှင့်အတူ အပြင်ခိုးထွက်ကာ အမဲခိုးလိုက်ကြသည်ကို ပြန်တွေးမိတော့ Jinပြုံးမိသွားလေသည်။
သည်ခေတ်ကလေးတွေကို ထိုအရသာကိုပြန်လည် မြည်းစမ်းကြည့်စေချင်မိသည်။

"Jin~~"

"ဘာလဲ~~~"

အတန်းချိန်အတွင်းဖြစ်တာကြောင့် အသံတိုးတိုးဖြင့်စကားလာပြောသော Soobinကို ဘုကောပြန်ကောလိုက်သည်။
ထိုအချင်းအရာကို မရိပ်မိသည့် ငနဲက
"မနေ့ကလေ~~"

"Antonကလေ~~~"

"..ပြောမယ့်ဟာ မြန်မြန်မပြောဘူး...မင်း အမေလင်က ကြည့်နေပြီ..."

Soobinက Jinဘက်ကို ပါးစပ်အဟောင်းသားဖြင့် လှည့်ကြည့်ကာ အသံမထွက်ဘဲ
ရိုင်း~လိုက်~တာ~

Jinက နောက်တစ်ခေါက် ပါးစပ်လှုပ်ကာ ဆဲလိုက်တော့
"Antonက မင်းကို အပြစ်ပေးသေးလား.."

ထိုစကားအား Jinကြားတော့ အပေါ်နှုတ်ခမ်းတွန့်ကာ မဲ့ပြလိုက်ပြီး
"သူလား..ငါ့လုပ်ရဲမှာ~~~"

"ဟင်..ဘာပြောလိုက်တာလဲ~~"

"ဘာမှမဟုတ်ဘူး..ငါ့ကို အပြစ်ဒဏ်အနေနဲ့ ကိုယ့်အပြစ်ကို သုံးသပ်စာ အရွက်၂၀ရေးခိုင်းတာ.."

"ဟူး...တော်ပါသေးရဲ့...ငါက မင်းတော့ သေပြီထင်နေတာ..."

အဟက်

"""ဟို၂ကောင် မင်းတို့၂ယောက် စကားပြောဖို့ ငါတို့အပြင်ထွက်ပေးရမလား..""

တချိန်လုံး အမှောင်ထဲမှ စောင့်ကြည့်နေဟန်တူသော ဆရာက Jinတို့ ၂ယောက်ကို လှမ်းဟောက်လေသည်။

"....."

"....."

""ကဲကွာ..အဲ့လောက်တောင် ပြောစရာများတာ အခုမေးနေတဲ့အဖြေကို ပြောကြစမ်းကွာ..."

Sigma ( Beta, Side Story )Where stories live. Discover now