Part 11

491 75 3
                                    


Wolfလောကတွင်ချီရှ၊ဖို့ကျင်း၊ဝန်စူ
ကြယ်သုံးလုံးတန်းသည့်အခါ လောကတွင် Wolf Queen Sigmaထွက်ပေါ်လာလိမ့်မည်ဟု အဆိုရှိလေသည်။

Lunaသည် သန့်စင်ခြင်း​၏ပြယုဂ်တစ်ခုဖြစ်ခဲ့ပါလျှင် Sigmaသည် ရဲရင့်ပြတ်သားခြင်း​၏နိမိတ်ပုံရိပ်ဖြစ်လိမ့်မည်။

Sigmaသည် လူသားအနေဖြင့် ပြောရပါလျှင် Elizabeth ဘုရင်မကြီးလို နန်းတက်ဂါဝန်ဝတ်ဆင်ရင်းပင် ရရာလက်နက်ကိုင်ကာ ရှေ့တန်းထွက်တိုက်ပွဲဝင်မည့် Queenမျိုးဖြစ်ပေလိမ့်မည်။

ချီရှ-ဘုန်းတန်ခိုးကြီးမြတ်သူ (ဝါ)King
Namjoon(Otto)

ဖို့ကျင်း=သူရသတ္တိဖြင့်ပြည့်စုံသူ (ဝါ)Knight
Jungkook(Anton)

ဝန်စူ=ဉာဏ်ပညာထက်မြက်သူ(ဝါ)Wisdom
Yoongi

စာရွက်ပေါ်တွင် Yoongiရေးခြစ်ထားသမျှကို ထိုင်ကြည့်နေသော Jinက

Jin:"မင်းပြောသလို မင်းတို့က အဲ့ကြယ်သုံးလုံးကိုယ်စားပြုတာ မှန်ကန်မယ်ဆို Sigmaက ပေါ်နေတာကြာနေပြီပေါ့..မင်းတို့ရှိနေတာပဲ ကြာ ကြာလှပြီဟာကို.."

အသက်ကြီးသူကို ကလန်ကဆန်မလုပ်ရဟူသော တားမြစ်ဝန်ခံချက်ကြောင့် တိုက်ပိတ်ရာက အာမခံဖြင့်ထွက်လာသော Jinခေါင်းကို ထုကာ
"သဘောပြောတာလေ..သဘော.."

"အဲ့ဒါဆို ငါလည်း Wisdom ဖြစ်လို့ရတာပဲဟာ.."

ထိုအခါ Yoongiသည် စာရွက်ပေါ်က သူ့နာမည်ကို ခြစ်ချကာ Jinနာမည်ပြောင်းရေးလိုက်ပြီး
"ကျေနပ်ပြီလား.."

ထိုအခါ Jinက စာရွက်ကိုတစ်လှည့် Yoongiကို တစ်လှည့်ကြည့်ပြီး မယုံကြည်နိုင်သလို မျက်နှာပေးဖြင့်
"မင်းက..ငါပြောတဲ့အတိုင်း ငါ့ကို Wisdomလုပ်ပေးတယ်..Yoongiကလေ..ငါ့ကို...wow.."

ထိုအခါ ရှက်ရမ်းရမ်းကာ စာရွက်ကို လုံးချေပြီး ပြတင်းပေါက်မှတဆင့် အပြင်ကို လွှင့်ပစ်လိုက်လေသည်။

"အဟမ်း..မင်းပြောချင်တာဆက်ပြောတော့.."

Jin​၏မချိုမချဉ်မျက်နှာပေးကြောင့်
"မပြောဘူးကွာ..."

"ပြောပါကွာ ငါမစတော့ဘူး..အတည်.."

တည်တံ့လာသော မျက်နှာကြောင့် အလုံသိမ်းထားသော စာအုပ်ကိုဆွဲထုတ်ကာ စာမျက်နှာတစ်ခုကို လှန်ပြရင်း
:"ဒီမှာ Sigmaက မပေါ်ဖူးတာ မဟုတ်ဘူး.ပေါ်ခဲ့ဖူးတယ် ထင်တာပဲ.."

Sigma ( Beta, Side Story )Where stories live. Discover now