Part.2. သံယောဇဉ်
Flourish ကုမ္ပဏီသည် အရမ်းအကြီးစားကြီးမဟုတ်သော်လည်း
အောင်မြင်နေသော ကုမ္ပဏီတစ်ခုဖြစ်သည်
ချစ်သဲပို ကျောင်းပြီးကတည်းက
ဒယ်ဒီပိုင်တဲ့ ကုမ္ပဏီမှာပဲ
အလုပ်ဝင်လုပ်နေတာဖြစ်သည်။သီဟကိုကိုဆိုတဲ့ မောင်နဲ့က
မိဘချင်းလည်း သဘောတူထားကြသလို
ကိုယ်တိုင်ကလည်း သိပ်ချစ်ကြတဲ့
ချစ်သူနှစ်ယောက်ဖြစ်သည်မောင်ကိုယ်တိုင်ကလည်း ချစ်သဲပို ကို
တစ်နှစ်တိတိ လိုက်ခဲ့ရသူဖြစ်သည်
ကြွေရုပ်ကလေးလို သိပ်ပြီးလှတဲ့
ချစ်သူကို စိတ်မချနိုင်တော့တာနဲ့
ချစ်သူသက်တမ်း ၃ နှစ်မှာ
လက်ထပ်ဖို့ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်" မောင်....
သဲ ဆေးရုံရှေ့ရောက်နေပြီနော်
ပြီးရင်ထွက်ခဲ့တော့...." Ok သဲ မောင်ခုပဲ ထွက်လာခဲ့လိုက်မယ်...
မောင်က သဲကို အရမ်းသဝန်တိုပါတယ်
သဲ ဆေးရုံထဲဝင်လာရင် သူများတွေ
ဝိုင်းကြည့်တာကို မောင်က မခံနိုင်လို့
ကားထဲမှာပဲ စောင့်ခိုင်းခြင်းဖြစ်သည်
ရည်းစားပြိုင်ဖက်ဖြစ်သော
ထက်ဝေအောင်ကလည်း ခုထိ သဲကို
လိုက်နေတုန်းဖြစ်သည်
သဲဘက်က အပြတ်ငြင်းထားသော်လည်း
ထက်ဝေအောင်ဘက်က
လက်မလျှော့သေးသဖြင့် လက်ထပ်ဖို့ကို
မောင့်ဘက်က အမြန်စီစဥ်နေခြင်းဖြစ်သည်" သဲ ပင်ပန်းနေပြီလား....?
" မပင်ပန်းပါဘူး မောင် ရဲ့ အထူးသဖြင့်
မောင့်မျက်နှာချောချောလေးကို
မြင်လိုက်ရတော့ ပိုလို့တောင်
မပင်ပန်းသေးတယ်..." အဲဒီအပြောလေးတွေကြောင့် မောင်တော့
အရည်တွေပျော်နေပါပြီ သဲ ရယ်...
လာပါဦး အနားကို မောင့် ရဲ့
ကြွေရုပ်ကလေးရဲ့....အပြန်အလှန် အနမ်းတစ်ပွင့်စီ ဖလှယ်ကြရင်း
" ဘယ်ဆိုင်ကို မောင်းရမလဲ မောင်....
" မောင် မောင်းမယ် သဲ...
Ykko ကြေးအိုးဆိုင် သွားရအောင်နော်....မန္တလေး လမ်း ၃၀ ပေါ်က ykko ကြေးအိုးဆိုင်သို့ ရောက်ရှိလာတော့
စားပွဲထိုးကောင်လေးက မေးတယ်
ဘာမှာမလဲ ခင်ဗျ....."ကြေးအိုးဆီချက်တစ်ပွဲ ဝက်ကလီစာနဲ့၊
အရည်နဲ့ကတစ်ပွဲပေး ကြက်သားနဲ့နော်
သဲ ဖျော်ရည်ဘာသောက်ဦးမလဲ...
YOU ARE READING
သံယောဇဉ် ( Gl&Bl&Normal)(Completed)
Actionငါ သဘောမကောင်းဘူးနော် ချစ်သဲပို ငါ့ကို သဘောကောင်းလွန်းတယ် မထင်လိုက်နဲ့ ငါ့မောင်လေးကို ချစ်တဲ့စိတ်နဲ့သာ ငါ အရာရာကို အလျှော့ပေးခဲ့တာပါ။ #လဝန်းအက္ခရာ#