Part. 7
Prosperous Company ရဲ့ CEO
မင်းခန့်သော်ဇင်နဲ့
Compassionate Company ရဲ့ CEO
ဖြစ်လာခဲ့တဲ့ လဝန်းအက္ခရာ ဟာ
ငါးနှစ်လောက် တစ်ယောက်ကိုတစ်ယောက််
သစ္စာရှိစွာ ချစ်ခဲ့တဲ့ကြသူတွေပါCompassionate company ထဲ
ခြေချလိုက်တာနဲ့ ဝန်ထမ်းတွေရဲ့
အကြည့်တွေဟာ သိပ်ကို ယောင်္ကျားပီသပြီး
ဆွဲဆောင်မှုရှိနေတဲ့ မင်းခန့်သော်ဇင်ဆီက
မခွာနိုင်ကြပါဘူး....ဝန်ထမ်းတစ်ယောက်က မေးတယ်
" ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲရှင်....
" လဝန်းအက္ခရာ နဲ့ တွေ့ချင်လို့ပါ
"ကြိုတင်ပြီး ချိန်းထားသေးးလားရှင့်
" ချိန်းမထားပါဘူး မင်းခန့်သော်ဇင်က
တွေ့ခွင့်တောင်းတယ်လို့ ပြောပေးပါ"ဟုတ်ကဲ့ ခဏလေးစောင့်ပါရှင့်
ထိုစဥ် သမီးအခြေအနေကို လာကြည့်တဲ့
ဦးသူရကိုကိုနှင့် ထိပ်တိုက်တိုးတော့သည်"ဟော... မောင်းမင်းခန့် သမီးဆီလာတာလား.
"ဟုတ်ပါတယ် အန်ကယ်... ဒီနေ့မှ ကျွန်တော်
စင်ကာပူနိုင်ငံက ပြန်ရောက်လို့ပါ"အေး လုပ်ငန်းတွေ အဆင်ပြေခဲ့လား
မင်းအဖေကို ပြောလိုက်ပါဦး
တစ်နေ့ ညစာ အတူစားရအောင်လို့
မိသားစု စုံစုံညီညီပေါ့....
အခန်းထဲမှာ မင်းညီမရှိတယ် ဝင်သွားလေ..." ဟုတ်ကဲ့ ကျေးဇူးပါအန်ကယ်....
" ဒေါက်.... ဒေါက်....
"ဝင်ခဲ့ပါ....
" ဟာ... ကိုကို.... ဘယ်တုန်းကပြန်ရောက်တာလဲ....
" ခုပဲ ပြန်ရောက်တာ လဝန်း...ရဲ့
အိမ်တောင်မဝင်ရသေးဘူး ကိုယ့်အသည်းလေးဆီ တန်းဝင်လာတယ်..." ဒါကိုယ့်ရဲ့ လက်ဆောင် လဝန်းအတွက်
စလင်းဘက်အိပ် အနီရောင်လေး
ဒါက သီဟအတွက် ယောင်္ကျားကိုင်
ပိုက်ဆံအိပ် ကျန်တာတွေတော့
လဝန်းပဲ မျှပေးလိုက်တော့နော်...." ကိုကို.... ကော်ဖီသောက်မယ်မို့လား...
လဝန်းကိုယ်တိုင် ဖျော်ပေးမယ်နော်"သောက်မယ်လေ.... လဝန်းလေးရဲ့လက်ရာ
မသောက်ရတာကြာပြီ...အဲဒါဆို ကိုကို ခဏထိုင်စောင့်ဦးနော်
လဝန်း ဖျော်လိုက်ဦးမယ်...
YOU ARE READING
သံယောဇဉ် ( Gl&Bl&Normal)(Completed)
Actionငါ သဘောမကောင်းဘူးနော် ချစ်သဲပို ငါ့ကို သဘောကောင်းလွန်းတယ် မထင်လိုက်နဲ့ ငါ့မောင်လေးကို ချစ်တဲ့စိတ်နဲ့သာ ငါ အရာရာကို အလျှော့ပေးခဲ့တာပါ။ #လဝန်းအက္ခရာ#