Part 9
" ထွေး...ရေ... အပြင်သွားစရာရှိတယ်
အဝတ်အစားလဲထားနော်... ပြီးတော့
ဟိုနေ့က မမလေးဝယ်လာပေးတဲ့
ဂါဝန်လေးကိုလဲ အပိုထည့်ခဲ့ဦးနော်" ဟုတ်ကဲ့ မမလေး....
ထွေး မမလေးကို အရမ်းချစ်ပါသည်
မိဘတွေ မရှိတော့တဲ့ ထွေးကို
မမလေးက မနှိမ်ပဲ ညီမအရင်းလေးတစ်ယောက်လို ဆက်ဆံပေးပါသည်််
မိသားစုနှင့်တန်းတူ အခွင့်အရေးလေးတွေလည်း ပေးထားတာမို့ ထွေးအနေနဲ့လည်း
မမလေးတို့နဲ့နေရတာ အရမ်းပျော်ပါသည်" ဟယ်... သမီးလေးတို့ ရောက်လာကြပြီလား
ဖေကြီးရေ.... ဒီမှာ သမီးလေးတို့ ရောက်လာကြပြီ.... ထွေး... နင့်မမလေးတို့နဲ့နေရတာ
ပျော်ရဲ့လား ကြည့်ပါဦး အသားတွေလည်း
ဖွေးလာလိုက်တာ နင့်မမလေးကို
အလိုလိုက်ပြီး သူစားချင်တာတွေချည်းပဲ
ချက်ကျွေးနေတုန်းလား....?ဒေါ်သဲဦးမြတ် သမီးဖြစ်သူကို ဝမ်းသာအားရ
စီးကြိုတော့ သမီးဖြစ်သူကလည်း
သိပ်မချွဲချင်ရှာပါဘူး သူ့မာမီရင်ခွင်ထဲ
တန်းဝင်တော့တာပဲ...." မမလေးတို့နဲ့နေရတာလည်း ပျော်တယ် မေမေကြီးတို့ကိုလည်း လွမ်းတယ်
ထွေးထွေးက ဝင်ဖြေလိုက်ခြင်းဖြစ်သည်
" ဟုတ်ပါပြီ နင့်မမလေးက ကိုယ်ဝန်နဲ့ဆိုတော့ အရင်ထက်ပိုပြီး ဂရုစိုက်ပေးဦးနော်
မတည့်တာတွေ ချက်မကျွေးနဲ့ကြားလား" ဟုတ်ကဲ့ပါ မေမေကြီး....
" သမီးလေး ကုမ္ပဏီ ကိစ္စတွေ အဆင်ပြေရဲ့လား...
" အဆင်ပြေပါတယ် ဒယ်ဒီ...
ဟော်တယ် စီမံကိန်းကိစ္စကတော့
မမလဝန်းအက္ခရာ ဦးစီးနေတာမို့
သမီး သိပ်ပြီးစိတ်မစိုက်ရပါဘူး..." မောင်သီဟကိုကိုရော အဆင်ပြေလား
သမီးနည်းနည်းဆိုးရင် သီးခံပေးပါကွာ
တစ်ဦးတည်းသော သမီးဆိုတော့
ဒယ်ဒီတို့ နည်းနည်းအလိုလိုက်ထားမိတယ်ကွယ်..."ဟုတ်ကဲ့ခင်ဗျ
" အဆင်ပြေပါတယ် ဒယ်ဒီ" အေး အေး.... ရောက်တုန်း
အေးဆေးနားကြကွာ ဒယ်ဒီတို့လည်း
နောက်လလောက်ကျရင် ရွာပြန်ဦးမယ်..
ထွေးထွေးရော ရွာ လိုက်ခဲ့ချင်သေးလား...
YOU ARE READING
သံယောဇဉ် ( Gl&Bl&Normal)(Completed)
Actionငါ သဘောမကောင်းဘူးနော် ချစ်သဲပို ငါ့ကို သဘောကောင်းလွန်းတယ် မထင်လိုက်နဲ့ ငါ့မောင်လေးကို ချစ်တဲ့စိတ်နဲ့သာ ငါ အရာရာကို အလျှော့ပေးခဲ့တာပါ။ #လဝန်းအက္ခရာ#