Part.5

1.7K 52 0
                                    

Part.5

မိုးမလင်းစျေး...
မန္တလေးစျေးချို နာရီစင်နားက စျေးကို
လဝန်းအက္ခရာ နံနက် ၅နာရီ ထလာလိုက်တယ်...
ညက ကြိုတင်မှားထားတဲ့
မုန့်တီဖတ်ဝင်ယူရင်း.... ရခိုင်မုန့်တီအတွက်
လိုအပ်မယ့် အစာပလာတွေအပြင်
ဟင်းချက်စရာ အသီးအရွက်တွေပါ
ဝင်ဝယ်ခဲ့လိုက်တယ်....
ငါးကတော့ ပြုတ်ပြီး ညကတည်းက
အိမ်မှာ ဆီသတ်ထားပြီးသား
ငုံးဥလည်း ပြုတ်ထားပြီးသား
ငါးဖယ်ကတော့ အရသာနယ်ထားပြီးပြီ
ဟိုရောက်မှ ဟင်းရည်အိုးသယ်ထားတုန်း
ကြော်လိုက်မယ်ပေါ့....

စျေးဝယ်ပြီးတော့...
ကားအနီလေးကို ကိုယ်တိုင်မောင်းလာပြီး
တိတ်ဆိတ်ငြိမ်သက်နေတဲ့ခြံရှေ့ကားရပ်လို့
သော့ပိုတစ်ချောင်းနဲ့ ကိုယ်တိုင်တံခါးဖွင့်ပြီး
ခြံထဲမောင်းဝင်လိုက်တယ် တံခါးပြန်ပိတ်
ပြီးတော့မှ ကားထဲက ဝယ်လာတဲ့ ပစ္စည်းတွေ
ထုတ်လိုက်ပြီး မီးဖိုခန်းသီးသန့်ထဲ
သော့ပိုနဲ့ဖွင့်ဖို့ ကြံရွယ်တုန်း တံခါးအဆင်သင့်
ဖွင့်ထားတာနဲ့ အထုတ်တွေဆွဲပြီး
ဝင်လာလိုက်တော့တယ်....

မမကြီး ရောက်ပြီလားရှင့်... ထွေး... ဒန်အိုးနဲ့
ရေနွေးသယ်ထားပါတယ် အစ်ကိုလေးက
မမကြီး အစောကြီးရောက်လာလိမ့်မယ်
ပြောပြီး ရေနွေးသယ်ခိုင်းထားလို့ပါ

" ဟုတ်ပြီ ထွေး အဲ့ထဲက စပါးလင်ထုတ်လိုက်
ရေစင်အောင်ဆေးပြီး နည်းနည်းထုပြီး
ချည်လိုက် ရေးနွေးပွက်ရင် အဲ့ထဲထည့်လိုက်နော် ပြီးရင် ဂျင်းနဲ့ ပတဲကော ထောင်းပေးထား နံနံပင်နဲ့ ပဲတောင့်ရှည် ရေဆေးထားလိုက်နော်.....

"ဟုတ်ကဲ့မမကြီး....

လဝန်းအက္ခရာ ဆီသတ်ပြီးသား ငါးကို
အိုးထဲထည့်လိုက်တယ် စားနဲ့
မြိတ်ငါးပိထည့်ပြီး ဂျင်းနံ့ ပတဲကောနံ့လေး
မွှေးလာတဲ့အခါ ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းထည့်လိုက်တယ်...

"ထွေးရေ.... မမ အိမ်ကပါလာတဲ့
ငါးပိထောင်းကို ပန်းကန်ထဲလှယ်ထည့်ထားပြီ လှော်ထားတဲ့ငရုတ်သိမ်းစိမ်းကို
ကြက်သွန်ဖြူနဲ့ ရောထောင်းထားလိုက်နော်
မမ ငါးဖယ်ကြော်လိုက်တော့မယ်
ထွေး အဲဒါပြီးရင် ပြုတ်ပြီးသား ငုံးဥတွေ
အခွံနွှာထားလိုက်နော်...

သံယောဇဉ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now