Part.16
ဘာလိုလိုနဲ့ လဝန်းအက္ခရာ ဒီမှာ
လာနေတာ တစ်လတင်းတင်း ပြည့်ခဲ့ပြီ
သီဟကိုကို သန့်ဇင်ဟိန်းနဲ့မေသူဇော်
တို့အတွက် ၁ လပြည့်ရက်လည်ဆွမ်းကို
ဒီအိမ်မှာဘဲ ဘုန်းကြီးငါးပါးပင့်ပြီး
ကပ်လိုက်ခြင်းဖြစ်ပါသည်
ဒီနေ့ ကိုကို ခရီးက ပြန်ရောက်တာမို့
မောင်လေးတို့ ရှိနေကြတဲ့ အုတ်ဂူလေးဆီကို
ကိုကိုကိုယ်တိုင် ကားမောင်းပြီး
လိုက်ပို့မှာ ဖြစ်ပါသည်။ဧည့်သည်တွေ စဲသွားတော့မှာ
ကိုကို ရောက်လာခဲ့ပါတယ်သည်။" ကိုကိုကလည်း ကြာလိုက်တာ...
ဧည့်သည်တွေ ပြန်သွားတာဖြင့်
ကြာလှပြီကို..
ဟွန့်....လဝန်းအက္ခရာ နှုတ်ခမ်းလေးစူလို့
ချစ်သူ ကိုကို့ကို ကလေးတစ်ယောက်လို
ရန်တွေ့လိုက်ပါသည်။မင်းခန့်သော်ဇင်ကလည်း
သိပ်မကြိုက်ရှာဘူးထင်တယ်
သွားကြီးကို ဖြီးလို့ ချစ်သူလဝန်းလေးကို
အပြုံးမျက်နှာနဲ့ ကြည့်ပြီး" ကိုကိုလည်း ဒီကိုပဲ တန်းလာခဲ့တာပါ
လဝန်လေးရဲ့
အိမ်ကိုတောင် မဝင်ရသေးဘူး..." အွန်း.. ပါ.... ကိုကို
အွန့် ရေအရင်သောက်လိုက်ဦးနော်...
လဝန်း ထမင်းပွဲအသစ်ပြင်ထားပေးတယ်
ကိုကို့အတွက် စားနှင့်လိုက်ဦး
လဝန်း သံပရာရည် သွားဖျော်ပေးဦးမယ်နော်" အွန်း.... ကောင်းပါပြီဗျာ
မင်းခန့်သော်ဇင် အလိုက်သိလွန်းတဲ့
ချစ်သူလေးကို ကြည့်ပြီး
ပီတိတွေ ဖြာနေရပါတော့သည်ထိုမြင်ကွင်းကို အမှတ်တစ်မဲ့လှမ်းကြည့်ပြီး
စိတ်မကောင်းဖြစ်သွားရသူကတော့
ချစ်သဲပိုပဲ ဖြစ်ပါတယ်သူများချစ်သူတွေ ကြည်နူးနေကြတာ
မြင်တော့ လွမ်းလိုက်တာ မောင်ရယ်...."ဝင်းဝင်းရေ.... မီးမီးလေးကို
အဝတ်အစား လဲပေးပြီးပြီလား" ဟုတ်ကဲ့
ပြီးပါပြီ မမလေးသဲ...လဝန်းအက္ခရာ မင်းခန့်သော်ဇင်ကို
သံပရာရည်လေး ကမ်းပေးရင်း..." တော်ပြီးလား ကိုကို အစားနည်းတယ်နော်
" အင်း ကိုကို နေပြည်တော်က စားလာခဲ့လို့ပါ
YOU ARE READING
သံယောဇဉ် ( Gl&Bl&Normal)(Completed)
Actionငါ သဘောမကောင်းဘူးနော် ချစ်သဲပို ငါ့ကို သဘောကောင်းလွန်းတယ် မထင်လိုက်နဲ့ ငါ့မောင်လေးကို ချစ်တဲ့စိတ်နဲ့သာ ငါ အရာရာကို အလျှော့ပေးခဲ့တာပါ။ #လဝန်းအက္ခရာ#