Part.34
သဲ.. အိပ်ပျော်သွားတော့ လဝန်း မေမေတို့
အခန်းထဲ ဝင်လာခဲ့လိုက်တယ်
မေမေက မြေးနှစ်ယောက်နဲ့ အတူတူ
ကစားပေးနေပြီး ပြုံးလို့ ရွှင်လို့
မြင်လိုက်ရတဲ့ မြင်ကွင်းလေးက စိတ်ကြည်နူးချမ်းမြေ့စရာလေးမို့ လဝန်း
အခိုက်အတန့် ငေးကြည့်နေမိပြီး စိတ်ထဲမှာ
အလိုလို ဝမ်းသာပီတိ ဖြစ်မိပါတယ်
မိသားစုရဲ့ နွေးထွေးမှုဆိုတာ...
ဒီလို မြင်ကွင်းလေးကို ပြောတာ ဖြစ်ရမယ်..." သြော်... သမီးကြီး လာလေ....
ဘာငေးကြည့်နေတာလဲ သမီးရဲ့...
မြေးလေးတွေက လိမ်မာလိုက်တာ သမီးရယ်... မေမေဖြင့် အိမ်တောင် ပြန်မလွှတ်ချင်တော့ဘူး...
ဘယ်လိုလဲ... သမီး... သမီးညီမလေးရော
သက်သာရဲ့လား..."" သက်သာတယ် မေမေ... သဲ.. အိပ်ပျော်သွားလို့ သမီးဒီဘက်ခဏ ထွက်လာတာ..."
" အွန်း သမီးတို့ ဒီည ဒီမှာဘဲ အိပ်လိုက်ကြတော့ သမီးလေးလည်း နေမကောင်းဘူးဆိုတော့ ဒီနေ့ ပြန်မနေနဲ့တော့ မြေးနှစ်ယောက်စလုံးကို မေမေနဲ့ပဲ သိပ်လိုက်မယ်"
" ရရဲ့လား မေမေရဲ့ မေမေ ပင်ပန်းနေမှာပေါ့
နောက်နေ့လည်း ဆေးခန်းသွားရမှာ
မို့လား"" ရပါတယ် သမီးရယ် မေမေ့အနေနဲ့
တစ်ရက်တစ်လေ
အပင်ပန်းခံရတာ ဘာမှ မဖြစ်ပါဘူး
ကလေးတွေ အဖျားကူးရင်သာ
ပင်ပန်းမှာ စိုးရိမ်ရတာ..."လဝန်းကို မြင်တော့ သမီးငယ်လေးက
လက်လှမ်းပေးရင်း လဝန်းကို ချီစေချင်နေတဲ့
ပုံစံလေး လုပ်ပြပြီး" မာ.... မား.... မာ... မား...."
" သမီးလေးရေ... သွန်း... လေး...
မာမားလို့ ခေါ်တယ်ပေါ့ ချစ်စရာလေး..."လဝန်းက သမီးငယ်လေးကို ချီလိုက်ရင်း
အသည်းယားပြီး နမ်းလိုက်တော့... မီးမီးလေးက သူ့လက်သေးသေးလေးတွေနဲ့
လဝန်းခါးကို လာဖက်ပြီး..." မာမား.. မီးမီးကိုလည်း အာဘွားပေးဦးလေ"
မီးမီးလေးရဲ့ အပြုအမူကြောင့် ဒေါ်လမင်းအက္ခရာရော လဝန်းပါ ပြုံးလိုက်ကြသည်
" အွန်း... ပေးရမှာပေါ့ ဟောဒီက မာမားရဲ့
အချစ်တုံးလေး မီးမီးလေးကိုရော...
မီးမီးလေးရဲ့ ဘေဘီပိစိလေးကိုရော...
😘😘😘😘😘...
YOU ARE READING
သံယောဇဉ် ( Gl&Bl&Normal)(Completed)
Actionငါ သဘောမကောင်းဘူးနော် ချစ်သဲပို ငါ့ကို သဘောကောင်းလွန်းတယ် မထင်လိုက်နဲ့ ငါ့မောင်လေးကို ချစ်တဲ့စိတ်နဲ့သာ ငါ အရာရာကို အလျှော့ပေးခဲ့တာပါ။ #လဝန်းအက္ခရာ#