Extra

1.1K 46 0
                                    

#သံယောဇဉ်
[Gl&Bl&Normal] Fiction
Extra

2 နှစ်ခန့်ကြာသော်...

ခြူးရတီတစ်ယောက် ဒီနေ့ ကျောင်းပိတ်ရက်မို့
အဝတ်အစားလဲပြီး အပြင်သွားမလို့
အောက်ထပ်ဆင်းလာချိန်...
သွန်းရတီကတော့ ဖုန်းတစ်လုံးနဲ့ ဂိမ်းဆော့ရင်း
အသံပေါင်းစုံထွက်လို့ သူ့ဟာသူ
အလုပ်တွေ ရှုပ်နေလေရဲ့...

အဲဒီအချိန်မှာပဲ မာမားနဲ့ မား လည်း
ရှိုးအပြည့်နဲ့ အခန်းထဲက အတူတူ ထွက်လာတာမြင်တော့

အမ်...
"မီးမီးလေးက ဘယ်သွားမလို့လဲ...?

လဝန်းအက္ခရာ အသံကြားတာနဲ့ သွန်းရတီ တစ်ယောက် ဂိမ်းဆော့နေရာက ဖုန်းကို ချက်ချင်းပိတ်လိုက်ပြီး ခြူးရတီကို မော့လို့ကြည့်လိုက်သည်

" မီးမီး ဟိုဘက်အိမ် ခဏသွားမလို့ မာမား
ခြံထဲမှာ လိုအပ်တဲ့ အပင်လေးတွေ
ထပ်ဖြည့်စိုက်မလားလို့  တစ်ခါတည်း
သွားဝယ်ရင်းနဲ့....

ဟုတ်လား မီးမီးလေး ဒါဆို အတော်ပဲ
"မားတို့လည်း အပြင်သွားမလို့လေ
မီးမီးလေးလိုချင်တဲ့အပင်တွေ တစ်ခါတည်း
လိုက်ဝယ်ပေးပြီး မီးမီးလေးကို ခြံထဲဝင်ပို့ပေးခဲ့မယ်"

ချစ်သဲပို ပြောလိုက်ခြင်းဖြစ်သည်

"ဟုတ်"  မား... မားတို့အချိန်ရရဲ့လား
မီးမီးက ကြာမယ်ထင်တယ်နော်

" ရပါတယ် မီးမီးလေးရဲ့ မားတို့ကိစ္စက
အချိန်စောသေးတယ် မီးမီးကိစ္စလေးတွေ
အရင် လိုက်လုပ်ပေးမယ်နော်"

" ဟုတ် ကျေးဇူးပါ မား"

သွန်းရတီ အခြေအနေအရပ်ရပ်ကို ငုတ်တုတ်ထိုင်ကြည့်နေပြီး မျက်နှာလေး စူပုတ်လို့

"ဟွန့်"
မားတို့က "သွန်း"ကို တစ်ယောက်တည်း
ထားခဲ့ကြမယ်ပေါ့"

သွန်းရတီ သူ့အစ်မကို ရန်မလုပ်ရဲ၍
မား ကို ရန်လုပ်လိုက်ခြင်းဖြစ်သည်

"ဟော"
သွန်းလေးက ဒီလိုနေ့မျိုးမှာ ဂိမ်းပဲထိုင်ဆော့ချင်တာဆို သူငယ်ချင်းတွေ လာခေါ်တာတောင်
မလိုက်ဘဲ အပြင်မသွားချင်လို့
Wattpad ပဲ ထိုင်ဖတ်တော့မယ်ဆို"

လဝန်းအက္ခရာ ပြောလိုက်မှ သွန်းလေးက
ငိုချင်ရက် လက်တို့ဖြစ်ပြီး

သံယောဇဉ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now