Part. 23

1.3K 78 0
                                    

Part.23

" ဒါ ဘယ်နေရာလဲ... ငါ.. ဘယ်ကို ရောက်နေတာလဲ...?

မင်းခန့်သော်ဇင် ထက်ဝေအောင်ကိုကြည့်ပြီး
ထိတ်ထိတ်ပျာပျာ မေးလိုက်သည်

" ဒါ ကျွန်တော့်အိပ်ခန်း အစ်ကို Sky ဟိုတယ်
ကို ရောက်နေတာ...

" ဘာ.....
ဟိုတယ်... ဟုတ်လား...?

မင်းခန့်သော်ဇင် မိဘတွေစိတ်ပူနေတော့မှာကို သတိရသွားပြီး ဖုန်း ငါ့ဖုန်းရော

" အစ်ကို့ ကုတင်ဘေးက စားပွဲခုံပေါ်မှာလေ
အစ်ကို့ ဖုန်းရော ပိုက်ဆံအိတ်ရောပဲ....

မင်းခန့်သော်ဇင် စောင်ကိုဆွဲရင်း တစ်ဖြည်းဖြည်းရွှေ့လို့ သူ့ဖုန်းကို
လှမ်းယူလိုက်သည်...
နံပါတ်တစ်ခုကို လှမ်းနှိပ်ရင်း..

" ဟဲလို.. မေမေ.. သား မနေ့က
သူငယ်ချင်းတစ်ယောက်အိမ်မှာ
အိပ်ပျော်သွားလို့ပါ....
ဟုတ်ကဲ့ မေမေ... စိတ်မပူနဲ့တော့နော်
သား ဘာမှ မဖြစ်ဘူး..
ဟုတ်ကဲ့ ဖေဖေနဲ့ ဖွားဖွားကိုလည်း
မေမေဘဲ ပြောလိုက်တော့နော်
ဟုတ်ကဲ့ သား မေမေ့ကို ချစ်တယ်နော်
ဟုတ် ဟုတ်ကဲ့မေမေ ဒါဘဲနော်...

" ကျေးဇူးတင်တယ်နော်... ညီ...

"ဟုတ် ရပါတယ် အစ်ကို...
ရေချိုးလိုက်ပါလား ကျွန်တော် အပြင်ခဏ
ထွက်ပေးပါ့မယ် ရေချိုးခန်းထဲမှာ
သွားတိုက်တံကတော့ အသစ်မရှိဘူးဗျ
ပြီးရင် ဗီဒိုထဲက ကျွန်တော့အဝတ်အစားတွေ
ယူဝတ်လိုက်ပါ အစ်ကို့ အဝတ်အစားကတော့
လျှော်ခို​င်းထားလို့ နောက်မှ
ပြန်ပေးပါ့မယ်...

" အွန်း.. အဲဒါဆို အစ်ကို ရေချိုးလိုက်ဦးမယ်

ထက်ဝေအောင် မင်းခန့်သော်ဇင်ကို
သဘက်တစ်ထည် ပစ်ပေးလိုက်ပြီး
အခန်းအပြင်ခဏ ထွက်ခဲ့လိုက်တယ်
ဝန်ထမ်းတွေကို မှာစရာရှိတာမှာခဲ့ပြီး
အခန်းထဲ ပြန်ဝင်ခဲ့တော့...

"ဟာ....

မင်းခန့်သော်ဇင် သဘက်ကို အောက်ပိုင်းလေးပဲ ဖုံးထားပြီး စိတ်ကြိုက် အဝတ်အစား
ရှာနေဆဲ...

" ညီ လာပါဦး အစ်ကိုနဲ့ တော်မယ်ထင်တာ
ရှာပေးပါဦး...

ထက်ဝေအောင် ထိုလူကြီးအနားကဖြတ်ပြီး
ဗီဒိုထဲက ဟိုတလောကမှ ဝယ်လာပြီး
မဝတ်ရသေးတဲ့ တီရှပ်တစ်ထည်နဲ့
အဆင်ပြေအောင် ပုဆိုးတစ်ထည်ပဲ
ထုတ်ပေးလိုက်သည်...

သံယောဇဉ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now