Part. 32
ချစ်သဲပိုတို့ အခန်းထဲတွင် ဖြစ်သည်
သားအမိသုံးယောက် အိပ်မောကျနေတာကြတာကြည့်ပြီး လဝန်းအက္ခရာ တစ်ချက်ပြုံးလိုက်သည် ပြီးနောက် ချစ်သဲပို အိပ်ပျော်နေတဲ့ ကုတင်ဘက်ခြမ်းပေါ် အသာလေး
တက်လိုက်ပြီး အရုပ်ကလေးလို ဆံပင် အခွေလိုက်ကလေးတွေ မျက်နှာပေါ်ဝဲကျပြီး
အိပ်မောကျနေတဲ့ ချစ်သဲပို မျက်နှာလေးကို
လက်ကလေးနဲ့ အသာအယာ ညှစ်ထည့်လိုက်ပြီး.... နားနားလေးကို တိုးတိုးလေးကပ်လို့" သဲ... ရေ.... ထတော့..."
ရင်းနှီးပြီးသား မမရဲ့ ကိုယ်သင်းနံ့လေးက
နှာခေါင်းထဲ တိုးဝင်လာတော့ သဲ...
မျက်လွှာလေးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်...
အိပ်ရေးပျက်သွားတာမို့ မမကို ကြောက်ပေမဲ့လည်း အိပ်မောကျနေတုန်း အနှိုးခံလိုက်ရတာမို့ ရုပ်ကလေးက ကြည်မနေဘဲ
စူပုတ်လို့..." ဘာလဲ... မမရာ... သဲ... အိပ်ချင်နေသေးတယ် ဒီနေ့ ပိတ်ရက်လေ... ဆက်အိပ်ပါရစေဦးနော်..."
" ဟင့်အင်း... သဲ..
ထတော့.... ဆက်အိပ်လို့ မရတော့ဘူး...
ဒီနေ့ သီရိဂေဟာ အိမ်ကို သွားရမယ်...
တို့ ညက ပြောဖို့ မေ့သွားလို့
မေမေက ဒီနေ့ အကုန်လုံး အိမ်မှာလာနေရမယ်တဲ့..."" ဟာ... မမကလဲ... ဘာလို့ ခုမှ ပြောတာလဲ
သဲ အိပ်ချင်သေးတယ်လို့... ညက
သမီးလေး ထငိုလို့ သဲ... ကောင်းကောင်းကို
မအိပ်ရသေးဘူး..."" ဘာပဲဖြစ်ဖြစ် ထတော့ သဲ...ရာ...
အိမ်ရောက်မှ ပြန်အိပ်လိုက်တော့နော်...
မေမေတို့က မနက်စာ မစားသေးပဲ
စောင့်နေကြမှာဟ..."လဝန်းတို့ စကားကို တိုးတိုးလေး ပြောနေကြတာ ဖြစ်ပေမဲ့... မီးမီးလေးက နိုးလာခဲ့ပြီး
သမီးငယ်လေးက ထငိုတော့သည်" ဟာ... မာမားတို့ ဘာလို့ အစောကြီး
ဆူနေကြတာလဲ... ဘေဘီပိစိလေးတောင်
နိုးသွားပြီ ကြည့်"" အွန်းပါ မီးမီးလေးရယ်.... မီးမီးလေးရဲ့
ဘေဘီပိစိလေးကို မာမားပဲ ချော့လိုက်ပါ့မယ်
မားကို ခေါ်ပြီး သားအမိနှစ်ယောက်
မျက်နှာ သွားသစ်ချေကြတော့...
ဒီနေ့ ဘွားဘွားကြီးတို့အိမ် သွားရမယ်"
YOU ARE READING
သံယောဇဉ် ( Gl&Bl&Normal)(Completed)
Actionငါ သဘောမကောင်းဘူးနော် ချစ်သဲပို ငါ့ကို သဘောကောင်းလွန်းတယ် မထင်လိုက်နဲ့ ငါ့မောင်လေးကို ချစ်တဲ့စိတ်နဲ့သာ ငါ အရာရာကို အလျှော့ပေးခဲ့တာပါ။ #လဝန်းအက္ခရာ#