Part.21

1.3K 51 1
                                    

Part.21

Moon family အထူးကုဆေးခန်းသည်
ဒေါက်တာ ဒေါ်လမင်းအက္ခရာ တစ်ဦးပိုင်
ဆေးခန်းဖြစ်သည်
ခင်ပွန်းဖြစ်သူ ဦးသူရကိုကို ကိုယ်တိုင်
ဒီဇိုင်းဆွဲဲပြီး အချိန်ယူ ဆောက်လုပ်ပေးထားခြင်းဖြစ်ပါသည်

သားဖြစ်သူ သီဟကိုကိုနှင့်အတူ
အထွေထွေအထူးကုဆရာဝန် စုစုပေါင်း
၁၀ ယောက်နှင့် ဖွဲ့စည်းထာသည်

ဒေါက်တာလမင်းအက္ခရာနှင့် သီဟကိုကို
သားအမိနှစ်ယောက်စလုံးသည်
တာဝန်ကျရာ ဆေးရုံမှာ
အချိန်ပိုင်းလုပ်ပြီး ကိုယ်ပိုင်ဆေးခန်း
ထိုင်နေသူများဖြစ်ကြပါသည် သားဖြစ်သူ
မရှိတော့သောအခါ ဒေါ်လမင်းအက္ခရာ
ကိုယ်တိုင်ဦးစီးလို့ ကြီးကျယ်ခန်းနားလှစွာ
အောင်မြင်နေသော ဆေးခန်းတစ်ခုလည်း
ဖြစ်ပါသည်

ဆေးခန်းထဲ၌ အချိုးအကွေ့တစ်ခု...

" ဟာ သွားပါပြီကွာ...
ကောင်လေးတစ်ယောက်နှင့် ဝင်တိုက်မိ၍
မင်းခန့်သော်ဇင် ဖုန်းပြုတ်ကျသွားခြင်းဖြစ်သည်...

ကောင်လေးဘက်မှ

"  တောင်းပန်ပါတယ် ခင်ဗျ...
အစ်ကို့ဖုန်း ဘာဖြစ်သွားသေးလဲ
ကုန်ကျစရိတ်ကို ကျွန်တော် တာဝန်ယူပါ့မယ်

မင်းခန့်သော်ဇင် ထူပူသွားတဲ့ သူ့နဖူးကို
လက်နဲ့ပွတ်လိုက်ရင်း သူ့ဖုန်းကို
နှမျောတသသစွာ ကြည့်လိုက်ရင်း
အဲဒီကောင်လေးကို တစ်ချက် ငုံ့ကြည့်ပြီး
ပြောလိုက်သည်

" မင်းက ဘယ်လောက်ထိချမ်းသာလို့
ငါ့ဖုန်းကို လျော်ပေးမယ် ပြောရတာလဲ
ပြီးတော့ မင်းလျော်ပေးတိုင်း
ငါက ကျေနပ်စရာလားကွ...

ကောင်းကောင်းမွန်မွန် တောင်းပန်နေတဲ့ကြားက လူကြီးတန်မဲ့ ရန်တွေ့နေသော ထိုလူကြီးကို ထက်ဝေအောင် စိတ်ပျက်စွာ
တစ်ချက်ကြည့်လိုက်ရင်း...

" ခင်ဗျား မကျေနပ်လည်း မတတ်နိုင်ဘူးဗျာ
ကျွန်တော်အချိန်မရှိတော့ဘူး
သွားတော့မယ်...

ထက်ဝေအောင် ပြောပြီးတာနဲ့ ချက်ခြင်းပဲ
လက်ဆောင်ဆွဲခြင်းကိုင်လို့ ချစ်သဲပို
ရှိရာ အခန်းသို့...

သံယောဇဉ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now