Arc 4.11 ( end)

798 41 8
                                    

Unicode

ရောင်စုံမီးသီးများ စုံလင်စွာထွန်းလင်းနေပြီး သီချင်းသံမတိုးမကျယ်ဖွင့်ထားတဲ့ အဆင့်မြင့် Bar တစ်ခုဖြစ်တဲ့ ' Come Bar ' တွင်ဖြစ််သည်။ Wine, Jack, Jame တို့ မောင်နှမသုံးယောက်က Bar တစ်ခုလုံးရဲ့ အမြင်အာရုံကိုဖမ်းစားထားလေသည်။

သူတို့ဝိုင်းမှာကတော့ James ရဲ့ရဲ့မေးခွန်းပေါင်းများစွာကို ထထိုးမတက်ဒေါသနဲ့ အံကြိတ်ဖြေနေတဲ့ Wine ကိုမြင်ရမှာဖြစ်ပြီး Jack ကပွဲကြည့်ပရိတ်သတ်ပင်။

" Wine  တော်သင့်ပြီနော် နင်သောက်တာများနေပြီ " <James>

" ငါတစ်ခွက်ပဲသောက်ရသေးပါတယ်ဟယ် "< Wine>

" မှားလို့ ကြာနေပြီပြန်ကြမယ်လို့ပြောတာ "<Jam>

" ငါတို့ရောက်တာ ၃မိနစ်တောင်မပြည့်သေးဘူး  "<Y>

" အေးလေ အကိုကလဲ " James နှင့် Wine တို့ရဲ့စကားဝိုင်းထဲ Jack
ဝင်ပါလာတော့သည်။ မဟုတ်ပါက ထိုနှစ်ယောက်က Bar တစ်ခုလုံး ရစရာမရှိအောင် ဖျက်ဆီးပြပြီး ရန်ဖြစ်တော့မှာပင်။

" ဟုတ်လား ငါက 5နာရီလောက်ရှိပြီထင်နေတာ "< Jam>

" James အစုတ်ပလုတ် အသည်းကွဲနေတဲ့အမဖြစ်သူကို နည်းနည်းလေးအဖတ်လုပ်ဦး အိမ်ကိုပြန်ချင်မနေနဲ့ "<Y>

" ဘာအသည်းကွဲတာလဲ ဖွင့်တောင်မပြောရသေးပဲနဲ့ ဒရမ်မာလာမချိုးနဲ့ "< Jam>

Janes ရဲ့စကားက Wine ကိုအထိနာစေတယ်ထင်ပါရဲ့ စကားတောင်ပြန်မပြောတော့

" ဟုတ်သားပဲ မကြီးနင်ဘယ်လိုဖြစ်ပြီး အသည်းကွဲသွားတာလဲ "<Jack>

" ဒါကဒီလိုလေ.........."< Y>

" နည်းတောင်နည်းသေးတယ် ဒီထက်ပိုပြီးခံစားရမှာ "< Jam>

" အကိုပြောတာမှန်တယ် ဖွင့်တောင်မပြောရသေးပဲ သဝန်သွားတိုနေတာလေ "< Jack>

" ငါလဲ သွေးပူနေတုံးဆိုတော့ မစဥ်းစားမိသွားတာ"<Y>

" သိပြီးတာပဲ ခဏ ဟိုးးးတောင့်ဆုံးဘက်ဝိုင်းက နင့်အသည်းလေးမလား Wine "<Jam>

James ညွှန်ပြရာဝိုင်းကို လှည့်ကြည့်လိုက်တော့ အမှန်ပင် Barရဲ့ တောင့်ဆုံးဝိုင်းမှာ လူတစ်ယောက်နဲ့စကားပြောနေတဲ့ Sophia ကိုတွေ့ရသည်။

ဗီလိန်အားကယ်တင်ခြင်း  ( System  ) (Complete) Where stories live. Discover now