7: 30 AM
စောလွန်းတယ်မဆိုသာပေမဲ့ ခုနက အိုမားလာနှိုးထားတာမို့ ထယ်ရယ်ကုန်းရုန်းထထားရတာဖြစ်သည်။ တကယ်တော့ ခုနက မားကိုစချင်လို့သာ ပြောလိုက်တာဖြစ်ပေမဲ့ ထယ်ရယ်ကအပျင်းကြီးသူတစ်ယောက်မဟုတ်ပါ။ အရာရာကို သူ့အချိန်နဲ့ သူ့စည်းစနစ်နဲ့သူ ခပ်အေးအေးခပ်မှန်မှန်လုပ်တတ်သူပင်။ နောက်ပြီး ဒီနေ့ ကျောင်းပြောင်းပြီး ပထမဆုံးတက်ရမဲ့ရက်မှာ ခပ်အေးအေးလုပ်ပြီး နောက်ကျမှာဆိုးလို့ မားကတမင်လာနှိုးမှန်း ထယ်ရယ်သိပါသည်။
မှန်ထဲမှာ မြင်နေရသည့် ရှေ့သို့ကျနေသည့်ဆံပင်တို့မှတစ်ဖက်အား ဂျယ်သုံးကာ အနောက်သို့လှန်တင်လိုက်ပြီး တပ်နေကျ မျက်မှန်လေးထောင့်လေးအား တပ်လိုက်သည်။ ရှပ်အဖြူအပေါ်မှာ cardigan အညိုရောင်ကို style pantsနဲ့တွဲဝတ်ထားသည်။ထို့နောက် သူအထက်တန်းအောင်တုန်းက appaဝယ်ပေးထားတဲ့ အညိုရောင်နာရီလေးကို လက်၌သေချာပတ်လိုက်သည်။ အားလုံးပြင်ဆင်ပြီးတဲ့အခါ ယူနေကျ အိတ်ကိုယူပြီး အောက်ဆင်းလာခဲ့သည်။
ထမင်းစားပွဲ၌ ပါးက သတင်းစာဖတ်လျက်ရှိပြီး မားကတော့ မနက်စာပြင်ဆင်ပေးလို့နေသည်။ ထယ်ရယ်တို့မိသားစုလေးက ကျိကျိတက်ချမ်းသာနေတာမျိုး မဟုတ်ပေမဲ့ လူတန်းစေ့စားနိုင်သောက်နိုင်တဲ့မိသားစုလေးပင်။ ပါးက အငြိမ်းစားယူထားတဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး အခုတော့ Company တစ်ခုမှာ မန်နေဂျာဝင်လုပ်နေသည်။မားကတော့ လမ်းထိပ်မှာ ကိတ်မုန့်ဆိုင်လေးဖွင့်ထားပြီး အိမ်ရှင်မကောင်းတစ်ယောက်ကျေပွန်သူဖြစ်သည်။ထယ်ရယ်ကတော့ ပါမောက္ခအဖြစ် အရင်ကတစ်ခြားမြို့က တက္ကသိုလ်မှာ တာဝန်ကျခဲ့ပေမဲ့ အခုတော့ ဒီနေ့မှစတက်ရမည့်တက္ကသိုလ်ကို ပြောင်းရွှေ့တင်ခဲ့တာပင်။
"Morning ပါ ပါးနဲ့မား .... "
ထယ်ရယ် ထိုင်ခုံ၌ဝင်ထိုင်လိုက်ပြီး ပါးတို့ကို နှုတ်ဆက်လိုက်သည်။ပါးက...
"ဒီနေ့ တက္ကသိုလ်အသစ်မှာ ဆိုတော့ အားလုံး အဆင်သင့်ပဲလား ထယ်ရယ် "
"အဆင်သင့်ပဲ .ပါး ... အချိန်ကွက်တိတွက်ထားတာမို့ အဆင်ပြေမှာပါ .... "

YOU ARE READING
HOME [ COMPLETED ]
Fanfiction~ ကိုယ်က မင်း မှီခိုလို့ ရနိုင်မဲ့ နေရာ ~ မင်းက ကိုယ်မှီခိုလို့ ရမဲ့နိုင် နေရာ ~ Cause I'm your home 🏠