အပိုင်း ၁"သမီးလေး.."
"ရှင်...မေမေ "
သမီးကျောင်းသွားတော့မှာလား
ဟုတ်မေမေ ၊
အခုပဲ ၆နာရီခွဲနေပြီလေ မေမေရဲ့
တော်ကြာသမီးရဲ့ ပထမဦးဆုံးကျောင်းတက်ရက်မှာ ဆရာမတွေဆီကအဆူခံနေရအုံးမယ်။
ဟုတ်ပါပြီ သမီးရယ်
သွားရေးလာရေးကိုဂရုစိုက်.. မေမေကမုန့်
ရောင်းရအုန်းမယ် သမီးလေကျောင်း
ပထမဆုံးရက်တောင်မှ မေမေကလိုက်မပို့နိုင်လို့ ၊ စိတ်မကောင်းဘူးသမီးရယ်။တော်ပါသေးတယ် ၊ မေမေ့သမီးလေးက
လိမ်မာရေးခြားရှိတော့ မေမေက စိတ်ပူပန်စရာရော့သွားတာပေါ့။မဟုတ်ရပါဘူး မေမေရယ် သမီးလိမ်မာတယ်ဆိုတာ မေမေသမီးကိုစောင့်ရှောက်ပေးခဲ့တာရဲ့တစ်ဝက်ကိုတောင်မမှီပါဘူး။
မေမေသမီးကိုဖေဖေမရှိပဲ ကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့တာသမီးဒီအရွယ်ကိုရောက်တဲ့အထိပဲ မေမေ့ကျေးဇူးတွေတောင်ဆပ်လို့မကုန်သေးဘူး။
ဒါနဲ့ သမီးစကားများနေတာနဲ့ပဲ အချိန်က
ကုန်တော့မယ် ဆရာမတွေဆီကအဆူမခံရအောင်လို့ ၊ သမီးကျောင်းသွားတော့မယ်နော်မေမေ။
"တက်တာ "
"တက်တာ သမီးလေး.."
မေမေကလည်း သမီးကိုအာဘွားပေးအုံးလေ
ဟော ဟုတ်ပါပြီ သမီးရဲ့။
ကဲလာ မေမေ့အနား ၊ ဟီးဟုတ်.."
"ရော့ အာဘွားး"
"ရပြီလား သမီးလေး.."
ရပြီ မေမေရေ သမီးသွားပြီနော်။
"အေးအေး "
"......."
ရမက် ရဲ့ဘဝကရိုးရှင်းပါတယ် အရမ်းချမ်းသာတဲ့ဘဝမဟုတ်ပင်မယ့်လည်း ပျော်တယ် ရမက် ရဲ့မေမေက ဘာမှလိုလေစိတ်မရှိအောင်ကိုချစ်ပေးတယ် ၊ ရမက် မှာအဖေမရှိတာမှန်ပင်မယ့် တစ်ခါလေးမျှအားမငယ်ဖူးဘူး မေမေက ရမက် ငယ်ငယ်လေးထဲကမိန်းမသားတစ်ယောက်ဖြစ်ပင်မယ့် နောက်ယောက်ကျားမယူဘဲ ရမက် ကိုသာပြုစုစောင့်ရှောက်ခဲ့တာမို့ ၊ ရမက် ရဲ့ဘဝကဘာမှကိုမလိုတော့ဘူးလို့ သတ်မှတ်ထားတယ်။
YOU ARE READING
"မမျှော်လင့်သော..."(Complete)
Non-Fiction" ချစ်မိပြီဆိုရင်..လူတိုင်းကပိုင်ဆိုင်ချင်ကြတာပဲမဟုတ်ပါလား .." " ဒါဆို ငါကရော..."