အပိုင်း (၅)

801 38 2
                                    


အပိုင်း၅

ရမက်လည်းအိမ်ရောက်တော့ ရေချိုး အဝတ်လဲ
ပြီး ကျော်ကိုကိုတို့အိမ်ကို သွားဖို့ပြင်လိုက်သည်။

စာအုပ်တစ်ချို့ကိုလည်းယူသွားခါ..

ရမက်တင် ကျူရှင်မတက်တာမဟုတ် သူလည်းဘဲမတက်ဘူး ၊ သူ့အမေက ဈေးထဲမယ် ဆိုင်ခန်းလေးဖွင့်ပြီး အထည်ရောင်းတဲ့သူပေါ့။

ရမက်မေမေက ဈေးဆိုင်ငယ်လေးဖွင့်ထားသူ
ရမက်တို့နှစ်ယောက်က အခြေနေချင်းလည်းသိပ်မကွာတော့ပိုပေါင်းဖြစ်တယ်။

သူတို့အိမ်က ရမက်တို့ထပ်ပိုကျယ်တယ် အရင်က သူ့အဖေမဆုံးခင်က အတော်လေးအဆင်ပြေတယ်လို့ပြောလို့ရတယ် ၊ ရမက်ရဲ့မိဘတွေနဲ့သူတို့မိဘတွေက တော်တော်လေးကိုရင်းနီးကြတယ်။

မသိရင်မောင်နှမတွေလိုကိုပင်.. ရမက်တို့တွေကခအဆင်ပြေသာတုန်းကလည်း မာနမရှိသလိုသူတို့ကလည်းထို့အတူပါပဲ ၊

တစ်ခြားမိဘတွေလို.. သားသမီးကို ဒါလုပ်ဒါလုပ်ဆိုတာမရှိခဲ့ဖူးဘူး။

ဒါကြောင့်လည်း ရမက်က မေမေ့ဆိုအရမ်းချစ်တယ် ဖေဖေ့ကိုရောပဲ ၊

သူတို့အိမ်မှာကကြ ခြံ​ရှိတယ် ၊ ပန်းပင်လေးအနည်းငယ်နဲ့ပေါ့ ရမက်တို့ကကြ ခြံကို မုန့်ဆိုင်လေးလုပ်လိုက်ရတော့ စာကျက်မယ်ဆိုရင်။

သူ့အိမ်ကိုသွားပြီး ကျက်ရတယ် ၊ ဒါက ကျော်ကိုကိုရဲ့အမေ အန်တီ မေကိုကိုရဲ့ အကူညီတောင်းတာကြောင့်လည်းပါတယ်။ ကျော်ကိုကိုက စာကိုမလုပ်ချင်ဘဲပျင်းနေတာ​တာကြောင့် ရမက် ကိုသူ့သားနဲ့စာအတူလုပ်ဖို့တောင်းဆိုထားတာပင်။

အတွေးများနေတာနဲ့ ကျော်ကိုကို အိမ်ကိုတောင်ရောက်လာပြီ ၊ အခုတစ်လောအရမ်း​အတွေးများနေတာပဲ ထိုထဲမှာဆရာမရဲ့အပြုံးကမပါမဖြစ်။

ဟဲ့..ကျော်ကိုကို ၊ အမယ် ရမက်မ

နင်နောက်ကြလှရီလား .. ငါတောင် သီချင်းလေ့ကျင့်နေပြီ ၊

နင်အပိုတွေမပြောနဲ့ နင်စာမလုပ်ပဲ သီချင်းပဲလေ့ကျင့်နေတာမဟုတ်လား ၊ နင်နဲ့ဆိုဘာမှကိုဖုန်းလို့မရတာ ဟုတ်တယ် ငါသီချင်းပဲလေ့ကျင့်နေတာ။

"မမျှော်လင့်သော..."(Complete)Where stories live. Discover now